Professional Authors

ကြယ်ကြည့်ကြမလား (မောင်ဖီလာ)

ကျွန်တော်စဉ်းစားနေတဲ့ အကြောင်းအရာက
တိတ်ဆိတ်လွန်းတော့
သစ္စာပန်းကလေးတွေရဲ့
အက်ကွဲနေတဲ့ ရနံ့ကိုတောင် မြင်ယောင်မိတယ်။

ဓာတ်ကြိုးပေါ်မှာ မိုးရေစက်လေး ဥနေတာ
မိုးရေစက်ကလေး ပလက်ဖောင်းပေါ် ကျကွဲသွားတာ
ကျွန်တော့်စိတ်ကို သစ်ရွက်သစ်ခက်တွေနဲ့
တန်ဆာဆင်ထားတာ
ကျွန်တော့်စိတ်ကြိုစိတ်ကြားထဲ ရွှေရောင်ငါးကလေးတွေ
ကူးခတ်နေတာ
အားလုံးဟာ ကိုယ်ရေးကိုယ်တာ ကိစ္စပဲ။

ကျွန်တော်တို့ထံမရောက်ဘဲ ပျက်ကျခဲ့သော ကြယ်များ
နွေဦးသစ်ရွက်တွေလို ခြောက်သွေ့ကော့ပျံ
နင်းမိရင် တချွမ်းချွမ်းထမြည်နေသော ကြယ်များ
ရည်းစားနဲ့ကွဲတဲ့ ကောင်မလေးရဲ့ ပါးပြင်ပေါ်
တလက်လက် ကူးခတ်သွားသော ကြယ်များ
မွှေးရနံ့နဲ့စိုရွှဲ စကြ၀ဠာထဲ
သန်မာတဲ့မေးရိုးများနဲ့
အလင်းကို ကိုက်ချီထားသော ကြယ်များ
သူ့အရောင်ပြာပြာကလေးကို ဆူးခြစ်မိလို့
ဒဏ်ရာအနာတရကလေးကို သိုဝှက်
တိမ်တွေထဲခေါင်းထိုးထည့်ထားသော ကြယ်များ
ယုတ်စွအဆုံး အရက်ဆိုင်ထဲ ပုလင်းနဲ့ထရိုက်လိုက်လို့
သရဖူလို (၁၀ စက္ကန့်စာ) ချာချာလည်သွားသောကြယ်များ
ကြယ်များ … ကြယ်များ … ကြယ်များ
လက်ထဲမှာ ဘာဖလားမှမရှိတဲ့ကြယ်က
ပိုပြီး လွတ်လပ်ပေါ့ပါးမယ်ထင်လို့
ကျွန်တော့်ကြယ်ကို
ကျွန်တော့်ကောင်းကင်ပေါ်က
ကျွန်တော်ပြန်ပြီး ဆွဲချခဲ့ပါတယ်။ ။

မောင်ဖီလာ (သောင်းပြောင်းထွေလာ magazine, 2005)

Comment #1

ကြယ်များ … ကြယ်များ … ကြယ်များ
လက်ထဲမှာ ဘာဖလားမှမရှိတဲ့ကြယ်က
ပိုပြီး လွတ်လပ်ပေါ့ပါးမယ်ထင်လို့
ကျွန်တော့်ကြယ်ကို
ကျွန်တော့်ကောင်းကင်ပေါ်က
ကျွန်တော်ပြန်ပြီး ဆွဲချခဲ့ပါတယ်။ ။

commentinfo By: နတ်သမီး at Mar 3, 2012
Comment #2

ကျွန်တော်တို့ထံမရောက်ဘဲ ပျက်ကျခဲ့သော ကြယ်များ
နွေဦးသစ်ရွက်တွေလို ခြောက်သွေ့ကော့ပျံ
နင်းမိရင် တချွမ်းချွမ်းထမြည်နေသော ကြယ်များ
ရည်းစားနဲ့ကွဲတဲ့ ကောင်မလေးရဲ့ ပါးပြင်ပေါ်
တလက်လက် ကူးခတ်သွားသော ကြယ်များ
မွှေးရနံ့နဲ့စိုရွှဲ စကြ၀ဠာထဲ
သန်မာတဲ့မေးရိုးများနဲ့
အလင်းကို ကိုက်ချီထားသော ကြယ်များ
သူ့အရောင်ပြာပြာကလေးကို ဆူးခြစ်မိလို့
ဒဏ်ရာအနာတရကလေးကို သိုဝှက်
တိမ်တွေထဲခေါင်းထိုးထည့်ထားသော ကြယ်များ
ယုတ်စွအဆုံး အရက်ဆိုင်ထဲ ပုလင်းနဲ့ထရိုက်လိုက်လို့
သရဖူလို (၁၀ စက္ကန့်စာ) ချာချာလည်သွားသောကြယ်များ
ကြယ်များ … ကြယ်များ … ကြယ်များ
လက်ထဲမှာ ဘာဖလားမှမရှိတဲ့ကြယ်က
ပိုပြီး လွတ်လပ်ပေါ့ပါးမယ်

commentinfo By: kantkawmg at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment