Professional Authors

စိုးရိမ်တယ်…..ချစ်ရတဲ့သူရယ်…..

ခွဲရဖို့လည်း နီးပြီ
မတွေ့ရတာလည်းကြာပြီ
လွမ်းလွန်းလှတော့ ခက်ပြီ…

ဘဝရှေ့ရေးအတွက်
အချစ်ကိုစတေးပြီး
ထားသွားရမယ်ဆိုတာ သိပါတယ်…..

ရင်မှာ နစ်ကာဆို့
မနက်ဖြန်များစွာကို ကြိုတွေးပြီး
မင်းမသိအောင် ငါနေခဲ့ဖူးတယ်..

ခွဲရမှာကို ကြိုသိလည်း
ဘာမှမတတ်နိုင်တဲ့ ကမ်းပါးလိုပဲ
ရှေ့ကိုလည်း မကြည့်ရဲ
နောက်ကိုလည်း မလှည့်ရဲ့ဘဝ
ဘယ်တော့များမှ လွတ်မြောက်နိုင်ပမလဲ…..

ထိနမ်းခွင့်ရတဲ့ အနမ်းတချို့
ဖက်ထားခွင့်ရခဲ့တဲ့ မင်းပခုံးလေးနဲ့
မှီထားခဲ့တဲ့ မင်းခေါင်းလေးကို
ပြန်တမ်းတရင်း
နောက်ထပ်လိုချင်နေမိသေးတယ်………

ရည်းစားများပေမဲ့
မင်းလောက်မချစ်ဘူးတာ ယုံပါ
ခနတာလေးမှာ ဒီလောက်ချစ်မိသွားမှန်း
မယုံနိုင်လောက်တဲ့ ငါနှလုံးသားကို
ထပ်ခါထပ်ခါ အင်တာဗျူးလုပ်နေမိတယ်…..

စိုးရိမ်မှုတွေများလို့
အိပ်မရခဲ့တာလည်း ညဆက်
တဖြေးဖြေးနဲ့ ချစ်တတ်လာတဲ့
ငါနှလုံးသား မင်းအတွက်ဆိုတာ သိခဲ့ရပြီ…

အစားထိုးချစ်ဖို့လည်း မဖြစ်နိုင်
မဝေးချင်လို့ ဖက်ထားရအောင်လည်းမဖြစ်
သိသိကြီးနဲ့ ဆွေးရမှာကို မလိုချင်ဘူးကွာ..

ကြိုသိခဲ့ရင်လည်း ကောင်းသား
ကတိသစ္စာပြု
ဘဝရေးအတွက် လာမဲ့ဘေးကို
လက်ကိုတွဲ မခွဲဘဲ ချစ်နေချင်တာပါ….ချစ်သူရယ်……

သီချင်းတွေ စပ်၊ဆို
ကဗျာတွေ စပ်၊ရွက်
အမျိုးမျိုးလုပ်ပေမဲ့
မေ့လို့မရတဲ့ မျက်ဝန်းတစ်စုံနဲ့
အေးမြစေတဲ့ အပြုံးတစ်ခုတို့ကချုပ်ကိုင်ပြီး
အိပ်မရအောင် နှိပ်စက်နေတယ်…..

မဝေးပါရစေနဲ့
တောင်းဆုခဲ့တာက အဖန်ဖန်
တဒုန်းဒုန်း ခုန်နေတဲ့ ငါ့နှလုံးသား
မင်းဆီမှာ ထာဝရထားခဲ့မယ်………….

ဝေးရတော့မယ့် ချစ်သူအတွက်….မျှဝေခံစားနိုင်ပါစေလို့….
                                                                            စိုး………

In: ကဗျာ Posted By: Date: Feb 17, 2012
Comment #1

ခွဲရဖို့လည်း နီးပြီ
မတွေ့ရတာလည်းကြာပြီ
လွမ်းလွန်းလှတော့ ခက်ပြီ…

commentinfo By: kantkawmg at Feb 17, 2012
Comment #2

yee sar tway myar ke pay me min lout ma chit bu so tar yone par,,
kwi,,kwi,,,
ei lay ko lar pyaw loh ka dot ma,,ma,,ma,,ma yone,

commentinfo By: ei lay at Feb 17, 2012
Comment #3

Thanks to you all..

commentinfo By: soeoo at Feb 27, 2013
Comment #4

အစားထိုးချစ်ဖို့လည်း မဖြစ်နိုင်
မဝေးချင်လို့ ဖက်ထားရအောင်လည်းမဖြစ် Like Like Like

commentinfo By: ငြိမ်းချမ်းကို at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment