Professional Authors

သိနေသော်လည်း

ကြိုသိနေသော်လည်း
ထားခဲ့ရမဲ့ မင်းကို
ငါစိုးရိမ်နေမိတယ်..

ငါတို့ ပျော်ခဲ့ဖူးတယ်
ချစ်ခဲ့ကြတယ်
ထားခဲ့ရမှာ သိပါတယ်
မလွန်ဆန်နိုင်တဲ့ ကံကြမ္မာကို
ပြောင်းပြန်လို့မှ မရတာ
နားလည်ပေမဲ့
ဘဝရေးအတွက် ထားသွားရမယ်…

ငါ နှုတ်မဆက်ရဲပါဘူး
နှလုံးအသစ်တစ်ခုကို
bomb နဲ့ခွဲသလိုပဲ
ငါလည်း ခံစားရပါတယ်….

ကြိုမမြင်နိုင်တဲ့
မနက်ဖြန်တွေကို
လက်ချိုးရည်နေရင်းနဲ့
မင်းနဲ့မခွဲချင်တာ အမှန်ပါ..

အပြုံးပန်းတွေ
အနမ်းတွေကို
ရင်မှာထာဝရ
သိမ်းဆဲပါ ချစ်သူ…

ရင်မှာတစ်ယောက်တည်း
အစားထိုးမရအောင်
ချစ်နေခဲ့မိတယ်…

ထားခဲ့ဖို့လည်း
အင်အားလည်းမရှိတော့ပါဘူး
ယုံအောင်လို့လည်း
မပြောပြချင်တော့ဘူး
မင်းသိအောင်
တစ်ခုပဲပြောချင်တယ်…
အဲဒါ မင်းကို ချစ်တယ်….

ထားခဲ့ရတဲ့ အဝေးရောက်ချစ်သူများအတွက်
                                                    စိုး…………..

In: ကဗျာ Posted By: Date: Mar 5, 2012
Comment #1

nice poem

commentinfo By: ei lay at Mar 5, 2012
Comment #2

ရင်မှာတစ်ယောက်တည်း
အစားထိုးမရအောင်
ချစ်နေခဲ့မိတယ်…

ထားခဲ့ဖို့လည်း
အင်အားလည်းမရှိတော့ပါဘူး
ယုံအောင်လို့လည်း
မပြောပြချင်တော့ဘူး
မင်းသိအောင်
တစ်ခုပဲပြောချင်တယ်…
အဲဒါ မင်းကို ချစ်တယ်…

commentinfo By: kantkawmg at Mar 6, 2012
Comment #3

Thanks to Ma Ei Lay and Kantkawmg

commentinfo By: soeoo at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment