Professional Authors

အစ မှ မရှိဘဲ အဆုံး ကိုလည်း မခံစားတော့ဘူး

အစ မှ မရှိဘဲ အဆုံး ကိုလည်း မခံစားတော့ဘူး

 

နိဒါန်း ဟာ ဘယ်မှာလဲ

ဘယ်အချိန်မှာ စ တည်မိသလဲ မသိခဲ့တဲ့

ငါတို့ရဲ့

ကျိန်စာသင့် တိမ်ပြာပြာတွေလေ

 

အခုမှတော့

အစ ကောက်ဖို့ အိပ်မက်တွေကို

ပြန်မခေါ်ချင်တော့ဘူး

မကောင်းခဲ့ဘူးဆိုလည်း

အနှောင်းကို သေချာချင်တာ

ငါတို့ရဲ့ ဆန္ဒ

 

ပြောရခက်လှပါတယ်

ငါတို့ရဲ့ ဘ၀ကို ငါတို့မှ မပိုင်ခဲ့ဘဲ

အခုလို

နာကျင်ခြင်း ရထားတွေ

ငါတို့ နှလုံးသားအပေါ် အကြိမ်ကြိမ် ဖြတ်နင်းနေချိန်မှာ

မင်း ပြန်တွေးနေမိသလား

နိဒါန်းကို

ငါ ပြန်တွေးနေမိသလား

နိဒါန်းကို

 

စာမျက်နှာက ဒီလောက်ပဲ ပါတယ်လို့

ဘယ်သူပြောခဲ့

ကံကြမ္မာလက်ကြမ်းတွေ ဆွဲဖြတ်ခဲ့လည်း

ငါတို့ နှလုံးသားတွေက

ဆက်လက်ရေးနေဦးမှာ

အသေအချာ

နိဂုံးမဲ့ စာမျက်နှာပေါင်းများစွာနဲ့။

 

မိုးအိမ်လူ

In: ကဗျာ Posted By: Date: Feb 16, 2012
Comment #1

Great.

commentinfo By: X - ray at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment