Professional Authors

တစ်ယောက်တည်းပဲပေါ့

  တစ်ယောက်တည်းပဲပေါ့

  ——————————

တစ်ယောက်တည်းပဲပေါ့….

ခရီးဆက်နေဆဲပါပဲ…

အရှုံးတွေလဲ ငါရခဲ့ပြီ

အလွမ်းတွေလဲပိုင်ဆိုင်ခဲ့ပြီ

မပိုင်ဆိုင်တာ တစ်ခုက

မင်းမျက်ဝန်းက နူးညံ့တဲ့

ငဲ့ညာမှုတွေ….။

တစ်ယောက်တည်းပဲပေါ့…

ဆူးခင်းလမ်းထဲ ရှေ့ဆက်နေဆဲပါပဲ

ကြင်နာမှုတွေနဲ့လည်း ဝေးခဲ့ပြီ

မင်းရဲ့ဥပေက္ခာတွေလည်း ငါရခဲ့ပြီ

မရနိုင်တာ တစ်ခုက

မင်းနှုတ်ခမ်းဖျားက စာနာမှုတွေ…။

တစ်ယောက်တည်းပဲပေါ့…

မင်း ငါ့အနား မရှိတဲ့အချိန်

ငါတစ်ယောက်တည်းပါပဲ

အချစ်ရဲ့ ချိန်မြိန်ခြင်းတွေလဲ ငါသိခဲ့ပြီ

ခါးသီးခြင်းတွေလည်း နားလည်ခဲ့ပြီ

မဖြစ်နိုင်တာကို ဖြစ်နိုင်အောင် ဖန်တီးယူဖို့ပဲ လိုအပ်တာပါ..

ဒါပေမဲ့…ငါ

တစ်ယောက်တည်းပဲပေါ့….

                        (ဒဏ်ရာ)

In: ကဗျာ Posted By: Date: Feb 15, 2012
Comment #1

အရှုံးတွေလဲ ငါရခဲ့ပြီ

အလွမ်းတွေလဲပိုင်ဆိုင်ခဲ့ပြီ
အရှုံးတွေလဲ ငါရခဲ့ပြီ
အလွမ်းတွေလဲပိုင်ဆိုင်ခဲ့ပြီ
မပိုင်ဆိုင်တာ တစ်ခုက
မင်းမျက်ဝန်းက နူးညံ့တဲ့
ငဲ့ညာမှုတွေ….။
တစ်ယောက်တည်းပဲပေါ့…
ဆူးခင်းလမ်းထဲ ရှေ့ဆက်နေဆဲပါပဲ
ကြင်နာမှုတွေနဲ့လည်း ဝေးခဲ့ပြီ
မင်းရဲ့ဥပေက္ခာတွေလည်း ငါရခဲ့ပြီ

commentinfo By: kantkawmg at Feb 15, 2012
Comment #2

တစ်ယောက်တည်းရွက်လွှင့်နေတာပေါ့ ကောင်းတယ်ဗျာ
two is better than one တဲ့ ကြားဖူးမှာပါ
တစ်ခါတစ်လေတော့လည်း one is better than two ဖြစ်နိုင်ပါတယ်ဗျနော် နားအေးပါးအေးရှိတာပေါ့
ကဗျာလေး ကောင်းသဗျ
ဖတ်သွားပါကြောင်း ~~

commentinfo By: X - ray at Feb 15, 2012
Comment #3

never give up.
nothing is impossible,
everything is up to u,
believe urself.
try to get ur goal.
don’t feel upset whatever,,

commentinfo By: ei lay at Feb 15, 2012
Comment #4

me too,,,
feel lonely …

commentinfo By: ei lay at Mar 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment