Professional Authors

လေဟာနယ်ကို မချစ်ရ

သန်းခေါင်ယံည အရာအားလုံး
တိတ်ဆိတ်လို့ ကမ္ဘာကြီးလဲ အိပ်မောကျနေပြီ
အိပ်ငွေ့မဲ့တဲ့ ဒီဆိုင်ခန်းလေးထဲမှာတော့
Typing သံတွေ ဖျန့်ကျန့်နေခဲ့တယ်
သူနဲ့ အတူ Chatနေရရင်
ငါအရာအားလုံးကိုတောင် စွန့်လွှတ်နိုင်မယ်ထင်ပါရဲ့
စွဲဆောင်မှုရှိလိုက်တဲ့သူရယ်…..
ခေါင်းတွေလေးပြီး အိပ်ချင်နေပြီ
ဒါပေမဲ့..ဟိုင်း..ဆိုပြီးသူဝင်လာတယ်…
ပျော်လိုက်တာချစ်ရသူရယ်….
တို့နှစ်ယောက်နှလုံးသားစာစီ
သီကုံးခဲ့ကြတုန်း အပျော်တွေနဲ့ပေါ့
မမြဲတဲ့ လောက သဘောတရားကို
မေ့နေခဲ့ကြတယ်လေ….
မင်းသာ ငါ့အချစ်ကို တန်ဖိုးထားခဲ့မယ်ဆိုရင်
ငါ ကြေကွဲမိမှာမဟုတ်ဘူး
တူနှစ်ကိုယ်ရင်ခုန်ခဲ့ချိန်လေးတွေ
ပြန်တမ်းတမိတယ်…
အခုတော့ မင်းထားရစ်ခဲ့တဲ့ Onlineထဲမှာ
Offline Messageလေးတွေကို
မျှော်တတ်နေပြီ
အသက်မဲ့တဲ့ Offlineဖြစ်နေတဲ့ မင်းရဲ့
Nicknameကို ငါမုန်းတီးနေခဲ့ပြီ…
ငါ့အတွက် သီချင်းတွေအသက်မ၀င်တော့ဘူး…
ကြေကွဲစရာကောင်းတဲ့ ဒီမော်နီတာရှေ့မှာ
ငါဟာ…တစ်ယောက်တည်းပါပဲ
ချစ်ရသူ မင်းကို စောင့်မျှော်ရင်း
ငါ့အချစ်နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက်
ကုန်ဆုံးလို့လာခဲ့ပါပြီ…
မင်းကတော့ ဘယ်ရင်ခွင်မှာ
ခိုနားနေပြီလဲ…
နှလုံးသားတစ်စုံ နာကျင်ရချိန်မှာ
ငါသိလိုက်ရပါပြီ….
ငါဟာ..လေဟာနယ်ကြီးကိုချစ်မိခဲ့တာပဲ
ဆိုးလိုက်တဲ့ ငါ့ကြမ္မာရယ်…..
နောက်ဆုံးတော့ သူငယ်ချင်းအားလုံးတို့
မှတ်ထားကြပါ…..
သတိ…လေဟာနယ်ကို မချစ်ရ…..

(ဒဏ်ရာ…)

In: ကဗျာ Posted By: Date: Feb 15, 2012
Comment #1

nice poem

warning,,,
u’ll get what u give,,
u r the master of urself,

commentinfo By: ei lay at Feb 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment