Professional Authors

…ကျန်ခဲ့သောချစ်သူသို့…………..

ရင်ထဲမှာသစ်သီးပုပ်တစ်လုံးရှိတယ်
ပုပ်သိုးနေလို့ စွန့်ပစ်ချင်ပေမယ့်
ငါထည့်ထားတယ် ထည့်ထားတယ်
ရင်ရဲ့အနက်ရှိုင်းဆုံးနေရာမှာ။
… ကျန်ခဲ့တအောက်တိုဘာကာလများစွာကပေါ့
ငါကဖြစ်တည်မှုသမိုင်းကြောင်းမှာ
ကျောက်စာမထိုးတတ်တဲ့ကောင်…….
ငါနင်းခဲ့တဲ့ခြေဖ၀ါးအောက်
ဒဏ်ရာများစွာနဲ့အပွင့်တင်လို့
ဂျစ်ပစီဆိုတဲ့ဘွဲ့ထူးနဲ့ကောင်…………
ဒီလိုခမ်းနားမှုမရှိတဲ့ ဘ၀ထဲ
မင်းမ၀င်ရဲခဲ့တာမဆန်းပါဘူး…ဒီလိုနဲ့
ချစ်ခဲ့ကြတာ သြဂုတ်
စစ်ပွဲတွေနဲ့ အောက်တိုဘာ
မျဉ်းကွေးများနဲ့အောက်တိုဘာ
ကြိုးပြတ်ခဲ့တဲ့ အောက်တိုဘာပေါ့……(ကဲဘာတွေလွမ်းနေဦးမလဲ)
ကန့်လန့်ကာချပေါ့…အဟက်
ရင်ကွဲတာတောင်ငါကအော်ရယ်ခဲ့တယ်
ချစ်သူရယ်……
ရွှံ့အိုင်ဆိုပေမယ့် မင်းလိုကြာဖြူတစ်ပွင့်
ကြွားကြွာ.းဝံ့ဝံ့ ပွင့်လိုဖြစ်တယ်ဆိုတာ
မင်းမသိတာ ငါရင်နာတယ်။ ။          
                                sky smith (အဆွေးသူ)
 

In: ကဗျာ Posted By: Date: Feb 11, 2012
Comment #1

dar le hote tar pe,,
hman de,,

commentinfo By: ei lay at Feb 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment