Professional Authors

ရင်ခုန်သံ offline

ရင်ခုန်သံ offline
===============

ခံစားမှု ကင်းမဲ့စွာ ရပ်တည်နေတဲ့ ငါ့နှလုံးသားကို

တစ်နေ့တစ်ချိန်မှာ ၀မ်းနည်းမှုတွေ

တိုက်ဆိုင်မှုမရှိဘဲတွေ့ကြုံခဲ့တယ်…

ဝမ်းနည်းမှုရဲ့ ဖန်တီင်္းရှင်ကို

ငါ မြတ်နိုးတသစွာ ငါ့နှလုံးသားတွေကို

မျှော်လင့်ခြင်းတွေနဲ့ အပ်နှင်းခဲ့တယ်…

တွေ့ဆုံကြုံခွင့်မရှိတဲ့ ဒီဘ၀မှာ

ကြည်နူးမှုတွေဆုံးဆည်းရာ

မင်းရှိရာနေရာဖြစ်တဲ့ အွန်လိုင်းကို မှန်းဆကာလာမိတယ်..။

တစ်ချိန်တစ်ခဏ တွေ့ခွင့်ရချိန်မှာ

ချစ်ရသူအလွမ်းပြေစေဖို့ အလွမ်းကိုစာလွှာချကာ

ဖတ်လှဲ့ပါ ချစ်သူရယ်လို့ပေးမိတယ်….

အချိန်တွေကြာလာလေ သံယောစဉ်တွေနက်လာခဲ့ပြီး

မျှော်လင့်ခြင်း ကို ဖွင့်ဟ၀န်ခံကာမှ

ခြေရာဖျောက်ကာ ပြေးရက်တယ်…စိမ်းရက်တဲ့ချစ်သူရယ်။

အခုတော့ အော်ဖ်လိုင်းဖြစ်တဲ့ အထီးကျန်နေတွေမှာ

ငါဟာ မော်နီတာရှေ့မှာ ရူးကြောင်ကြောင်နဲ့

အော်ဖ်လိုင်းဖြစ်တဲ့ မင်းရဲ့နစ်နိမ်းကို လွမ်းဆွတ်စွာကြည့်မိတယ်..

တကယ်တော့ ကဗျာတွေ အသက်မ၀င်တော့ဘူး

စာလွှာတွေ ခေါက်ချိုးမညီတော့ဘူး

မင်းမရှိတဲ့ အထီးကျန်အချိန်တွေဟာ ခါးသက်နေခဲ့တယ်…

အခုတော့ ငါ့တစ်ယောက်တည်း

အဖော်မဲ့နေ့တွေကို ဖြစ်သန်းနိုင်ဖို့ ကြိုးစားနေရပြီ

တကယ်တော့ မေ့ဖျောက် ခြင်းကိုငါ မတတ်နိုင်ခဲ့ဘူး။

ဒဏ်ရာ

In: ကဗျာ Posted By: Date: Feb 10, 2012
Comment #1

ပြေးသွားတဲ့ချစ်သူတစ်နေ့ပြန်တွေ့ချင်တွေ့မှာပါ

commentinfo By: jasmine at Feb 10, 2012
Comment #2

အခုတော့ ငါ့တစ်ယောက်တည်း

အဖော်မဲ့နေ့တွေကို ဖြစ်သန်းနိုင်ဖို့ ကြိုးစားနေရပြီ

တကယ်တော့ မေ့ဖျောက် ခြင်းကိုငါ မတတ်နိုင်ခဲ့ဘူး။
……………
တူတူပါပဲဗျာ..စိတ်မကောင်းပါဘူး…
အားပေးသွားပါတယ်…

commentinfo By: အသဲကွဲမိုး at Feb 10, 2012
Comment #3

i like both title & poem

commentinfo By: ei lay at Feb 10, 2012
Comment #4

ကဗျာခေါင်းစဉ်က တော်တော်လေးမိုက်တယ်ဗျ
ကဗျာအရေးအဖွဲ့လေးလည်း ကောင်းပါတယ်
ခံစားဖတ်ရှုသွားတယ်ဗျ ။

commentinfo By: X - ray at Feb 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment