Professional Authors

ရင်ထဲက သုံးရာသီ(genius)

အစက ပြန်စကြမယ်လို့

ငါ မပြောတော့ပါဘူး။

ချစ်တယ်ဆိုတာကိုလည်း

ပြောနေစ၇ာမလိုလောက်အောင်

မင်း သိသင့်ပါတယ်။

ရာသီတွေပြောင်း

ရက်စွဲတွေညောင်းခဲ့ပေမယ့်

မမေ့နိုင်သူ ဒီကောင်ရင်မှာ

အချစ်ပန်းတွေ

လန်းဆန်းစွာပွင့်နေတုန်းပါပဲချစ်သူ။

နွေမိုးဆောင်း

သုံးရာသီပွင့်တဲ့ပန်း

ငါ့ရင်ထဲမှာ အမြဲစိမ်းနေပါတယ်။

အပိုတစ်ခုတော့..

တောင်းဆိုပါရစေ….။

မင်းရင်ထဲက အချစ်ပန်းခင်းထဲမှာ

သစ္စာပန်းလေး

စိုက်ခွင့်ရှိမယ်ဆိုရင် စိုက်ထားပေးပါ။

တစ်ခုတော့ရှိတယ်။

မရှင်သန်တော့ဘူးထင်ရင်

ငါ့ရင်ထဲက

သုံးရာသီကို အရင်လာဖျက်သိမ်းပေးပါ။

In: ကဗျာ Posted By: Date: Jun 10, 2011
Comment #1

မိုက်တယ်….
မရှင်သန်တော့ဘူးထင်ရင်

ငါ့ရင်ထဲက

သုံးရာသီကို အရင်လာဖျက်သိမ်းပေးပါ။
..အားပေးနေတယ်

commentinfo By: အသဲကွဲမိုး at Jun 10, 2011
Comment #2

အစက ပြန်စကြမယ်လို့
ငါ မပြောတော့ပါဘူး။
ချစ်တယ်ဆိုတာကိုလည်း
ပြောနေစ၇ာမလိုလောက်အောင်
မင်း သိသင့်ပါတယ်။
မိုက်တယ်ဗျာ…..။အားပေးသွားတယ်နော်….။

commentinfo By: ချမ်းငြိမ်းအောင် at Jun 21, 2011
Comment #3

ကြိုက်တယ်ဗျာအားပေးတယ်

commentinfo By: paingzinoo at Jun 28, 2011
Comment #4

အဲဒီ့ စာအုပ် မဖတ်ဖူးတယ် မောင်။မောင့်မှာ ရေးစရာ ကဗျာ ကုန်လို့လား

commentinfo By: mamg at Jul 1, 2011
Comment #5

never.
never.
hint….
a tit ya dot htar khe chin p pop lay.

he..he..

commentinfo By: ei lay at Jul 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment