Professional Authors

ချစ်သူ များနေ့ သို့

ငါအသက် က ၂၀
ငါ ကျော် ဖြတ် ခက်တဲ့
Valentine နေ့ များစွာ…..
ငါ အတွက် ထိုနေ့တွေ က
ကွက်လပ် မရှိတဲ့
အဖြေ တစ်ခုပဲ….။
အမေး မရှိပဲ ငါတစ်ယောက်တည်းဖြေ
ကွက်လပ် မရှိပဲ ငါတစ်ယောက်တည်းဖြည့်
နင် စောင့်ပါဆိုလို့
ငါစောင့်ခဲ့ရတယ်
နင် မပြောနဲ့ ဆိုလို့
ငါ မပြောခဲ့ဘူး
ဒါပေမဲ့လည်း
မပြောဘဲ စောင့်ခဲ့တဲ့
ငါ့အတွက်
နင်က တော့ ခပ် တည် တည် ပဲ
လှည့်ထွက်သွားခဲ့တယ်နော်…..။
အချစ်ဆိုတာကို
ဘာလဲလို့နင် ငါ့ကိုမေးတယ်
တခြားကောင်တွေ နဲ့
နင် တွဲ ခဲ့တုံးက ကော
နင်တွေ့ခဲ့လို့လား
နင် က ငါ့ထက်စာရင်
Valentine Day များစွာ ပျော်ခဲ့ရမှာပါဟာ….။
စောင့်မြဲ စောင့်နေရတဲ့ငါအတွက်တော့
ခပ်ပေါ့ပေါ့ အိပ်မက် တွေ ကလွဲရင်
ခပ်စောင်းစောင်းလေး  ငဲ့ကြည့်ခြင်းတောင်
မခံခဲ့ရဘူးလေ….။
အဲ့ဒီ နေ့မှာ နင်ပျော်တယ်
နင်လက်ဆောင်တွေ ရတယ်
နင်ချောကလက်တွေ ရတယ်
ဒါပေမယ့်
ငါ ပေးတာမပါခဲ့ ပါဘူး…..
နင့်အတွက်သိမ်းထားတဲ့
ချောကလက်တွေ
လက်ဆောင်တွေ ဟာ
ရင် ဘက်ကြီးနဲ့မဆန့်တော့ရင်
ပေါက်ထွက်လာလိမ့်မယ်လို့ထင်တယ်…..။
ငါဆီမှာ အတွေး တစ်ခုရှိတယ်လေ…
ငါမပျော်ခဲ့ရတဲ့ အဲ့ဒီချစ်သူများနေ့မှာ
နင့်ရဲ့လက်ကိုတွဲ ပြီး
ချစ်သူတွေ အတွက်
ပုံဖော်ထားတဲ့
ချစ်သူများနေ့ပုံရိပ်ဖြစ်တဲ့
ချောကလက်တွေစားရင်း
ဖေဖော်ဝါရီ ရဲ့လေနုအေးတွေကြားမှာ
ကောင်းကင်ပြာကြီးရဲ့အောက်
မြက်ခင်းစိမ်းကြီးရဲ့ အပေါ်
နင်က ငါပေးတဲ့လက်ဆောင်လေးကို ကြည့်ပေါ့
ငါကတော့ နင်နဖူးပြင်ပေါ်ကနေ
ကျနေတဲ့ ဆံနွယ်လေးတွေကို
ခပ်ဖွဖွလေး ရေတွက် ကြည့်ချင်မိယုံပါ
ဒါတွေဖြစ်လာဖို့
ငါစောင့်ခဲ့တဲ့ ရက်တွေ များပြီ
ငါ ရေးခဲ့တဲ့ ကဗျာတွေ များပြီ
တစ်နေ့တော့ …….။

In: ကဗျာ Posted By: Date: Feb 11, 2011
Comment #1

အရမ်းမိုက်တယ်

commentinfo By: စုနိုင် at Feb 13, 2011
Comment #2

တစ်နေ့တော့…………………။

commentinfo By: moonlight at Mar 22, 2011
Comment #3

he,,he,,
me too.
i also haven’t known this wonderful valentine day yet.
he,,he,,
i m also hoping so much.
i believe one day we’ll meet.
never give up,fri.

commentinfo By: ei lay at Aug 9, 2011
Comment #4

Still lonely.
🙁

commentinfo By: ei lay at Jan 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment