Professional Authors

ကောင်ရိုးပုံခွေးစောင့်..

ဟိုမရောက် ဒီမရောက်နဲ့
စိတ်ဖောက်ပြီး နင်လေတိုး
ချစ်သူအနား ဝှေ့ကာနားနား
ပြောတော့လည်း မကြိုက်
မေးတော့လည်း မပြော
ကဲ……….ငါဘာလုပ်ရမှာလဲ..

ချစ်တာကို မချစ်အောင်လုပ်
သူဝင်ရှုပ်လို့ ငါအသဲကွဲ
ပြောပြန်ရင်လည်း မကြိုက်ဘဲ
ဆက်ပြောနေလဲ အပိုဘဲ
သူမှာ စိတ်မမှန်ဘဲ…..

ကိုယ့်ချစ်သူနား ပြေးကာနေချင်သော်လည်း
ရှေ့က ကာဆီး နှောက်ယှက်နေပြန်နေတော့
စိတ်ညစ်လှတယ်…
အိပ်လို့ကလည်း မရ
ချစ်ခဲ့မိတော့ ငါအမှား
နီးချင်လှပြီ သူအနား……

လက်ကိုတွဲကာ လမ်းလျောက်တိုင်းမှာ
ပတ်ဝန်းကျင်လည်း ဆန်ကျင်ကာ
ချစ်သောလည်း အောင့်ကာနမ်းဆဲဆိုသလို
မကြိုက်သောလည်း အံကြိတ်နေဆဲပဲ…

မင်းမေးတဲ့ စာမေးပွဲ
ကျသူများလို့ စိတ်ညစ်နေတဲ့
လူတွေကလည်း မနည်း
ဘာကြောင့်များ ကောက်ရိုးပုံစောင့်တဲ့သူကိုကျတော့
အောင်အောင်လုပ်ပေးနေလဲကွာ…

တချိန်တုန်းက ကြည်နှုးမှုလည်းမရ
ကြည့်ခွင့်တောင် မရတော့တဲ့ဘဝ
တွေးကြည့်လေ စိတ်လေနေလဲ
အဝေးပဲ မင်းကိုယ့်ငွေ့လေးနဲ့
နမ်းရှိုက်ခွင့် ရတော့မယ်..

မင်းသိပါစေ
ငါချစ်တာ မင်းတစ်ယောက်တည်းပါ
ကံကိုယုံပြီး ချစ်တာမဟုတ်
နှလုံးသားတဲ့ အချစ်တစ်ခုကို
မင်းကို ပေးထားတာဟာ
ပြန်ယူဖို့မဟုတ်ပါဘူး
မင်းဆီက နှလုံးသားလေးကိုသာ
သိမ်းထားချင်တာပါ…..
 
            ကျနော်သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်မလေးနဲ့အနားမှာ မိန်းမကယောက်ကျားစိတ်ပေါက်ပြီးတဖဝါးမှမကွာဘဲ လိုက်ကပ်နေတော့ သူ့ခင်ဗျာ စိတ်လေနေတာပေါ့ဗျာ….. သူအတွက် ကဗျာတစ်ပုဒ်ဖြစ်သွားတာက ဒီလိုပါ…
                                  သူ့ပြန်ချစ်အောင် ဆုတောင်းပေးလိုက်ပါ…လို ဆန္ဒပြုလျက်
                                                                                                           စိုး……………..

In: ကဗျာ Posted By: Date: Feb 7, 2012
Comment #1

he,,he,,
lots of fun,,
if so,,she is more intelligent & clever than all guys pop,

commentinfo By: ei lay at Feb 7, 2012
Comment #2

အားပေးသွားပါ၏

commentinfo By: May Kha at Feb 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment