Professional Authors

ငွေစော်နံသူများ

လောကကြီးမှာငွေတွက်အသက်ရှင်နေရတဲ့သူတွေကိုသနားတယ်.
လောဘမကြီးတတ်သူလို့ဟစ်အော်နေတဲ့နင်
နင်သွားရာလမ်းကတော့ ငွေဝင်ရာလမ်းတွေဖြစ်နေတယ်.
တဖြေးဖြေးနဲ့နင်ဟာအမှောင်ထုထဲ တိုးဝင်နေတာငါမြင်နေရတယ်..
နင့်ကိုယ်သင်းနံ့တောင်ငွေနံ့ထွက်နေပီ…..
ရိုးသားမှု့တွေပျောက်နေပီ……နင့်ပါးစပ်ထွက်ကျလာတဲ့စကားလုံးတိုင်းမှာ
အမြတ်တွေပဲဖြစ်နေတယ်……
ဒါပေမဲ့နင်ရှုံးနေတယ်. ငွေတွေမြတ်ပီးကျိကျိတက်လာတဲ့နင့်မှာ
အရှုံးတချို့ရှိနေပီ…. နင့်မှာကိုယ်ချင်းစာတရားရှားပါးနေပီ..
နင့်မှာဖြူစင်ခြင်းတွေမတွေ့ရတော့ဘူး…..သာမန်အတ္တထက်သာလွန်နေတဲ့
အတ္တတွေပြုတ်ကျလာပီ……..နင့်မှာလွတ်လပ်ခြင်းတွေပျောက်ဆုံးနေပီ.
အတောင်ပံတပ်ပီးငါလွတ်လပ်စွာပျံသန်းနေချိန်မှာ
နင်ကတော့ငွေအချုပ်ထောင်မှာတသက်တကျွန်းကျနေပါပီကော..
ငွေထက်အရေးကြီးတာတွေလောကမှာများပါတယ်…….
ငွေကြောင့်သိက္ခာတွေအလဲလဲအပြိုပြိုဖြစ်နေရတဲ့သူတွေကိုသနားတယ်.
ငွေအဝှေ့ကြောင့်အကျင့်တွေဖြုတ်ခနဲကျကျွေနေတာတွေများပေါ့….
အောင်မြင်ခြင်းကိုဘာနဲ့တိုင်းတာလဲ…… ငွေကြေးချမ်းသာပိုင်ဆိုင်မှု့တွေနဲ့
တိုင်းတာရတယ်ဆိုရင်တော့ငါမအောင်မြင်ချင်ဘူး……..
၅၀၀တန်ထမင်းတနပ်ရယ်၊ ချည်ချောလုံချည်၃ထည်ရယ်၊ အိတ်တလုံးရယ်၊
ချရေးပြစရာအကြောင်းတွေနဲ့ပြည့်နေပီဆိုရင်ပဲ .. ငါနေပျော်သွားပီ…
နင်ရဲ့ငွေစော်နံ့ မှု့တွေကိုခ၀ါချလို့ ၊အောင်မြင်မှု့ကိုစစ်မှန်သောအောင်မြင်ခြင်းနဲ့
ိတိုင်းတာပါသူငယ်ချင်းရယ်……….

In: ကဗျာ Posted By: Date: Feb 7, 2012
Comment #1

nice,,

commentinfo By: ei lay at Feb 7, 2012
Comment #2

Ei lay, shall we be a friend on Gtalk ?

commentinfo By: May Kha at Feb 7, 2012
Comment #3

sorry,,sis,
i haven’t used gtalk for long long time.
coz he dislike.

commentinfo By: ei lay at Feb 7, 2012
Comment #4

အမ…အဓိပါယ်…ထိတယ်…
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Feb 7, 2012
Comment #5

အမရေ
ကဗျာလေးက အရမ်းကောင်းတယ်ဗျာ
အားပေးသွားပါတယ်

commentinfo By: ရွှေကြယ်မိုး at Feb 7, 2012
Comment #6

ဟာ…………….လုံးဝမိုက်တယ် ကဗျာက
အရေးအဖွဲ့က တကယ်ပညာသားပါတယ်
သင်ခန်းစာကောင်းလေးတစ်ခုဖတ်လိုက်ရသလို ကဗျာလေးကတကယ်ကောင်းတယ်ဗျာ
မမေခရေ ကြိုးစားထားဗျ အားပေးနေတယ် ။

commentinfo By: X - ray at Feb 7, 2012
Comment #7

အားပေးတဲ့ညီအစ်ကိုမောင်နှမတွေကိုကျေးကျေးပါရှင့်….

commentinfo By: May Kha at Feb 8, 2012
Comment #8

ဖတ်နေရင်းတောင် ငွေနံ့ ထွက်လာ သလိုပဲ..
ပြောချင်တာကို ထိမိအောင် ပြောနိုင်ပါတယ်။။။

commentinfo By: ဧဏီမင်း at Feb 8, 2012
Comment #9

အမရေ……….
အမ ရဲ့ခံစားချက်ကို
ဖွင့်ဟလိုက်ရတဲ့အတွက်
စိတ်ထဲမပေါ့သွားဘူးလား

၊အောင်မြင်မှု့ကိုစစ်မှန်သောအောင်မြင်ခြင်းနဲ့
ိတိုင်းတာပါသူငယ်ချင်းရယ်……….

စားသားလေးက ထိမိတယ်ဗျာ
အမြဲအားပေးလျှက်ပါ
virus ………..

commentinfo By: zayyar at Feb 8, 2012
Comment #10

အဆုံးအမ လေး တပုဒ်…

commentinfo By: kantkawmg at Feb 8, 2012
Comment #11

အမ မေခ တွေ့၇တာဝမ်းသာတယ်ဗျာ

commentinfo By: Village chat kyi at Feb 8, 2012
Comment #12

အားပေးပါတယ်….

commentinfo By: SoFarAwayFromU at Feb 9, 2012
Comment #13

အားပေးတဲ့မောင်နှမတွေကိုလေးစားလျှက်…ကျေးဇူးတင်လျှက်ပါနော်…

commentinfo By: May Kha at Feb 10, 2012
Comment #14

၅၀၀တန်ထမင်းတနပ်ရယ်၊ ချည်ချောလုံချည်၃ထည်ရယ်၊ အိတ်တလုံးရယ်၊
ချရေးပြစရာအကြောင်းတွေနဲ့ပြည့်နေပီဆိုရင်ပဲ .. ငါနေပျော်သွားပီ…

အင်းတွေ့ရင် အဲ့သည့် အတိုင်းသာ တဲ့ပြောလိုက် ……..
good luck

commentinfo By: nate thit at Feb 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment