Professional Authors

အုန်းကိုးခြံ (စပ်သူ မသိ)

ဘယ်သူ ဂဏန်း အတွက်တော်လဲ စမ်းကြည့်ချင်လို့ ဒီဟာလေး(မူလသတ်ပုံအတိုင်း)ကို မျှဝေလိုက်ပါတယ်။
Calculator မသုံးကြေး။

 

 

ကန် ရိုး ကမ်းပါးယံ တဖန်အကျိုး မြင်၍ စိုက်ရော့ထင့်၊
အုန်းကိုးခြံ အတန်အဖိုးပင် ထိုက်ပေလိမ့်၊
အကြံတမျိုး ယဉ်လိုက်ပါဘိ သည်အကွက်မှာ၊
တခြံကိုးပင် တသိုက်ကယ်နဲ့ စည်လျက်ဝေဖြာ။

အများအပြားပေမို့၊
အားထားစရာ အပင်ရှင်မှာတော့၊
အထင်အမြင် ဖြိုးလှိုင်၍ တက်ပေလိမ့်၊
တပင်တပင် ကိုးခိုင် ထွက်ပါသတဲ့၊
မညှိုးနိုင် တသက်စာပါ နော်ကွယ်၊
စိုးပိုင်လျက်သာ။

အပြိုင်အဆိုင် အဖိုးနှုန်းအတန် ကြီးပေလိမ့်၊
တခိုင်တခိုင် ကိုးလုံးအမှန် သီးပြန်တော့၊
ဖန်တီးလို့ အသင့်စိုက်သမျှမှာ၊
အခွင့်မဆိုက်လာပြန်တော့ ညှိုးချုံးအောင် မယွင်း၊
ရှဥ့်ကိုက်ထာမတော့ တလုံးကိုးကောင် တသင်း။

ဝင့်ကြွားကာမှီ၊
ရှဥ့်များ မသဒ္ဒါပြီဘု၊
နဂဗါရီ နှိမ်ချွေမရှောင် အဖိုးအရှင်းမရအောင် စားတာမို့၊
ခန္ဓာ ဇီဝိန်ကြွေအောင် တကောင်ကိုးစင်းကျ သွားရော့လဟယ်လို့ ခွင်းလိုက်တော့၊
မြှားကိန်းပေါင်း အဖြောင့်တွေး ရေးတဲ့လို့ လင်းရမှာဖြင့်၊
ငါးသိန်း သုံးသောင်း တထောင့် လေးရာ လေးဆဲ့တစင်း။ ။

In: ကဗျာ Posted By: Date: Feb 6, 2012
Comment #1

တွက်ရင်ူးနဲလည်သွားပါကြောင်းးးးးးးးးးးး။. 😛

commentinfo By: May Kha at Feb 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment