Professional Authors

ကျောက်ဆောင်

မာန်ဟုန်ပြင်းပြင်း

စစ်ချီကြွေးကျော် ခရာသံတွေနဲ့

ဦးဆောင်းဖြူဖြူတွေနဲ့

သင်တို့ နိမ့်ချည် မြင့်ချည်

ရက်စက်ကြမ်းရမ်းကာ

ရောက်လာခဲ့ချေပြီ…

ငါ့ကို

တိုက်ဝါးရစ်နှောင်

နစ်မြုပ်စေတော့မည်

သူတို့

လှပသလောက်

ကြည်စင်သလောက်

ငါ့အားရက်စက်ကြ

ငဲ့ညှာမှုမရှိကြ

သို့သော်

သူတို့ကို ငါခင်တွယ်မိခဲ့

ချစ်ခင်မိခဲ့

ရက်စက်မှုကို တောင်းတမိခဲ့

နောက်ဆုံးတော့ သူတို့အလာ

ငါမျှော်လင့်ခဲ့မိပြီ…

In: ကဗျာ Posted By: Date: Aug 19, 2011
Comment #1

ကောင်းလိုက်တာဗျာ … လူဆိုးကိုကဗျာလာရေးခိုင်းနေသေးတယ်အကိုက ..
ဒီလောက်တော်နေတဲ့ဟာကို … 😛

commentinfo By: chityellusoelay at Aug 19, 2011
Comment #2

ဟာ … ဘာတွေမှန်းကိုမသိဘူး ..စစ်ကြွေးကြော်တာရြောီးခေါင်းဖြူတာတွေရောရှုပ်နေတာပဲ

commentinfo By: သက်ထား at Aug 19, 2011
Comment #3

ကျောက်ဆောင် အကြောင်းဖွဲ့သွားတာ တကယ်ပီပြင်တယ်ဗျာ ဖတ်ရှုအားပေးသွားတယ် ။

commentinfo By: X - ray at Aug 20, 2011
Comment #4

အကို့ကို အားပေးတဲ့အတွက်
အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ 🙂

commentinfo By: G.T13 at Aug 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment