Professional Authors

နေညိုချိန် ဇာတ်ဝင်ခန်း

နေညိုချိန် ဇာတ်ဝင်ခန်း

 

ဘာလုပ်မလဲ ………………

စက္ကန့်များများ နာရီနည်းနည်းရောစပ်

နောက်ထပ်ဆိုတာတွေ သိပ်မတွေးနိုင်တော့မဲ့

ချို့တဲ့တဲ့ အနာဂတ်ညဖြူဖြူတွေမှာ

ဘဝဆိုတဲ့ အဓိပ္ပါယ်ရှာဖို့ မလိုအပ်တော့ဘူးလေ

နေရောင်ခြည်တွေ မဲသွားတာ မြန်လွန်းလှတယ်

ငယ်ငယ်တည်းက စဉ်းစားခဲ့ဖူးတဲ့

လောက …. လူ …. ဖြစ်တည်မှု ပျက်စီးမှု

သမိုင်းစာအုပ်တောင် ထူထူ မပြုစုနိုင်သေးခင်

နေဝင်ချိန်က ငါ့တံခါးကို လာခေါက်

မျက်တွင်းဟောက်ပက် ပျော်စရာညတွေ

မအိပ်ဘဲနေရင်း ဖြတ်သန်း …..

( ရေးခဲ့ဖူးတဲ့ ကဗျာအချို့ကို )

တမ်းတမ်းမွတ်မွတ် နမ်းရင်း …..

ညဆိုတာတွေကို ကိုယ့်နေနဲ့ကိုယ် လင်းပစ်ခဲ့တယ်

ကိုယ့်အကြောင်းနဲ့ကိုယ် အကျိုးဖြစ်ခဲ့တာပါ

ရင်ထဲမှာ ရွာတဲ့မိုးကြောင့် နှုတ်ခမ်းမှာ အပြုံးပန်းဝေ

ငါ ….(  …… ) နဲ့

အ ….. ကြာ……..ကြီးးးး နေချင်သေးတယ်

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jan 30, 2012
Comment #1

ညဆိုတာတွေကို ကိုယ့်နေနဲ့ကိုယ် လင်းပစ်ခဲ့တယ်

commentinfo By: kantkawmg at Jan 30, 2012
Comment #2

ကိုချီရွန်ရေအားပေးသွားတယ်ဗျို့

commentinfo By: yaewintaung at Jan 31, 2012
Comment #3

ကိုချီရွန်…အားပေးသွားပါတယ်

commentinfo By: poem.poem28 at Jan 31, 2012
Comment #4

နောက်ထပ်ဆိုတာတွေ သိပ်မတွေးနိုင်တော့မဲ့

ချို့တဲ့တဲ့ အနာဂတ်ညဖြူဖြူတွေမှာ

ဘဝဆိုတဲ့ အဓိပ္ပါယ်ရှာဖို့ မလိုအပ်တော့ဘူးလေ
လူတော်ကြီးဗျာ

commentinfo By: အသဲကွဲမိုး at Feb 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment