Professional Authors

လွဲမှားခဲ့သော….

အလုပ်လုပ်ခဲ့တယ်..

အလုပ်ဟူသမျှ ဂုဏ်ရှိစွ..

တနေ့တလံနဲ့  ပုဂံသွားနေလို့တဲ့..

အချိန်နဲ့ဒီရေကမစောင့်ဆိုပြီး..

နောက်တစ်ခုပြောင်းခဲ့ရ…

တရွာမပြောင်းသူကောင်းမဖြစ်ပေါ့….

 

 

 

ဟင့်အင်း..သေချင်လို့တောပြောင်းဖြစ်သွားတယ်..

အလုပ်လုပ်တဲ့သူကပိုအခိုင်းခံရသလို…

အမှားပိုများလာတယ်..

ရတယ်လေ..အသီးသီးတဲ့အပင်ခဲပစ်ခံရမှာပဲ…

ပတ္တမြားမှန်..နွံမနစ်ပါဘူး….

 

 

 

ဟူးးးး …ပြာဖုံးနေတဲ့ဘဝ..လေတောင်မတိုက်ခဲ့ဘူး…

ခဲလေသမျှသဲရေကျတော့..

ပေဖြစ်တုန်းခံခဲ့တယ်..

တူလည်းဖြစ်ရော..အရိုးကျွတ်သတဲ့..

 

 

 

သန်းကောင်ထက်ညမနက်ပါဘူး..

ဟင်…ကြက်မက  ထတွန်တယ်..

ကံကိုယုံပြီးဆူးပုံနင်းမိကာမှ..

တိုးမိတဲ့ကြက်ကန်း..ဟင်းအိုးဖြစ်သွားတယ်..

 

 

 

တကယ်ပါ…..ငှက်တစ်သောင်းနားနိုင်အောင်ကြိုးစားခါမှ..

အရိပ်နေပြီး  အခက်ချိုးခံလိုက်ရတယ်…

သားရေပေါ်အိပ်..သားရေနားစားလို့ပြောတော့..

ကျေးဇူးရှိလို့ကျေးစွပ်တာပါတဲ့.ကောင်းရော…

 

 

 

သြော်…အပင်မြင့်လို့လေတိုက်ခံခဲ့ရတယ်ထင်နေတာ….

တသက်လုံးကလှံစိုက်လို့ကောင်းအောင်နိမ့်နေခဲ့တာကိုး…

 

 

 

အဲ့လိုနဲ့..

သေတာသွားရော..

ငါဆိုတဲ့ငါးဖျံ..

ဗုံလုံသီးပေါ်ကို ..မရောက်ခဲ့ဘူး…..

In: ကဗျာ Posted By: Date: Oct 23, 2011
Comment #1

mike de kwar,,,
a yae a tar ne pyin nyar ko dot lae sar twar p

commentinfo By: ei lay at Dec 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment