“စပျစ်သီးပုံပြင်”
မျှော်လင့်ချက်သည်
လက်လှမ်းမမှီနိုင်သော
ကိုင်းဖျားတစ်ခုမှာသာ
ကိုယ်နှင့်မမှီသော်ငြား
တံချူမလိုအပ်ဟု
ငါလိပ်ပြာသန့်ခဲ့တယ်မိန်းမပျို…
“မစားရသော်ငြား ထိုစပျစ်သီးသည် မချဉ်ပါ”
သူမ(သို့)ကောင်မလေးး
ရင်ခုန်သံအစွန်းတစ်ဖက်မှာ
မင်းကောင်းမွန်စွာတည်ရှိပါ
ငါဧ။်အိပ်မက်တွင်သာနေထိုင်ပါ
ငါလွပ်လပ်စွာချစ်ခွင့်ရသောအချိန်သည်
မင်းကငါ့ကဗျာထဲမှာတည်ရှိရဲ့…
ဆေးလိပ်၊အရက်၊ဘောလုံးပွဲ..
အပျော်တမ်းသွေးသားကိစ္စများထက်
ပိုးပီးဆွဲဆောင်အားကြီးတဲ့ အဲ့ဒီ
အချစ်ဆိုတဲ့အရာကို
ငါမျက်ကွယ်ပြုချင်ရဲ့
ဒါပေမယ့်…
တနင်္လာနေ့ညတစ်ခုက
ဦးဏှောက်ကိုသေဆုံးစေခဲ့တယ်..
စိတ်ဓါတ်အုံမှိုင်းမှုက
ငါမှုတ်ထုတ်လိုက်တဲ့သက်ပြင်းတွေနဲ့
မျက်နှာကျက်တောင်ညိုညစ်သွားပေါ့
ငါမတွေးလို့မရတဲ့မင်းအကြောင်းတွေ
အိပ်မက်ဟောင်းတွေနဲ့
ညိုညစ်ညစ်အခန်းတစ်ခု
လမ်းတွေပြိုပျက်
တိုက်တွေအိုဟောင်း
အသက်တွေလည်းကြီးလာရော့မယ်
ခံစားမှုနုပျိုစေဖို့ပဲ
မင်းအတွက်ကဗျာရေးခဲ့ပီ
ခြူချာလွယ်တဲ့ကောင်မလေးရေ..
တစ်ခါတရံ
အရာရာကိုဥပေက္ခာပြုချင်ရဲ့
တစ်ခါတရံ
မင်းကိုမေ့ပစ်ထားချင်ရဲ့
ဒါပေမယ့်
အဲ့ဒီတစ်ခါတရံကိုပဲ
ငါကျော်ဖြတ်လို့မရပြန်ဘူးးး
မင်းပုံမှန်ဖြတ်သန်းနေမယ့်
လောကတစ်ခုကို
ငါဘေးနာမှာလို့ခံစားဖူးရဲ့
စိတ်ချင်းနီးတယ်လို့
ဘုမသိဘမသိယုံကြည်ထားတဲ့
ငပိန်းတစ်ကောင်ရဲ့ ခံစားချက်နဲ့ပေါ့..
“ပြင်းရှစွာသတိရခြင်းက
ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေလေပြီ”
သစ်ရွက်လှုပ်တာကိုရင်ခုန်တဲ့အရွယ်မဟုတ်ပေမဲ့
ပြိုလဲမှုတစ်ခုကိုတော့မခံစားနိုင်ခဲ့
ကိုယ်ကျူးတဲ့ဒူးကြောင့်
ကိုယ်ကိုယ်တိုင်ထိခိုက်နေပါပြီ..
ရုတ်တရက်လွင့်ပါးသွားတဲ့
တစ်ဖက်စွန်းရောက်အမှန်တရား
နားလည်မှုမျဉ်းကွေးပေါ်
တစ်ဖက်တချက်ရပ်ရင်း
ကိုယ့်ဘာသာသေဆုံးခဲ့ပြီ
မြေခွေးတစ်ကောင်ဖြစ်ခဲ့ပေမယ့်
စပျစ်သီးကငါ့အတွက်မချဉ်ခဲ့….။
မောင်မြတ်သူ
Comment #3
မင်းပုံမှန်ဖြတ်သန်းနေမယ့်
လောကတစ်ခုကို
ငါဘေးနာမှာလို့ခံစားဖူးရဲ့
စိတ်ချင်းနီးတယ်လို့ 
ဘုမသိဘမသိယုံကြည်ထားတဲ့
ငပိန်းတစ်ကောင်ရဲ့ ခံစားချက်နဲ့ပေါ့
ကဗျာကတစ်မျိုးလေးဆန်းသစ်ပြီးခံစားလို့ ကောင်းတယ်နော်
အားပေးသွားတယ်နော်…အကို
By: poem.poem28 at Jan 30, 2012
Comment #4
လုံးဝလန်းတယ် ကဗျာက
အရေးအသား ၊ အတွေးအခေါ် ၊ စကားလုံးအချိတ်အဆက် ပြောစရာမရှိအောင်ကို ကောင်းတယ်ဗျ ကဗျာအဆုံးနှစ်ကြောင်းကိုတော့ သိပ်နားမလည်ပါ ဒါပေမယ့် ဒါသည် ကျွန်တော်၏ဦးနှောက်ကလိုက်မမှီသည့်အတွက် ကျွန်တော့ညံ့ဖျင်းမှုသက်သက်သာဖြစ်ပါသည် ကဗျာလေး ဖတ်ပြီး စိတ်ထဲရှိတဲ့အတိုင်း အားမနာတမ်းဝေဖန်သွားပါသည် ။
By: X - ray at Feb 6, 2012
Comment #5
kyike de,,
koh chit thu ko tin sar htar tar ka san de,,
By: ei lay at Feb 7, 2012




Comment #1
wow,,,,
the whole poem fulfil with strong words,,hard decision,,
nice story