Professional Authors

ပစ္စုပ္ပန် မြေဇာ

 

ခုနှစ်ရေးဆွဲတဲ့ ပြက္ခဒိန်ထဲ
နေ့ရက်တွေ စုတ်ဖြဲခံရတဲ့
ရက်စွဲတွေလို ငါဘဝသမိုင်းတွေကို
ဒိုင်ယာရီတစ်ပုဒ် မရေးဖြစ်တာ ကောင်းပါတယ်..။

 

နည်းပညာတခုရဲ့ နောက်ကျောက
ယိုစီးထွက်လာတဲ့ မူဝါဒ အရင်းမြစ်ကို
ကိုင်စွဲခဲ့ရင်း ငါ့ဘဝ သီအိုရီထဲ
အိုဟောင်းသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို
မရေးထုတ်မိတာ အကောင်းဆုံးပဲလေ….။

 

အတွေးပုံရိပ်တွေ ခင်းကျင်းထားတဲ့
အစည်းဝေးခန်းမ ရင်ခွင်နန်းထဲ
ဆုံးဖြတ်ချက် မရသေးတဲ့
အနာဂတ် အခြေနေတခုကို
မတင်ပြမိတာ အကောင်းဆုံးပဲလေ….။

 

ရပ်တန့်နေဆဲ တွေဝေနေဆဲ
ဒဏ်ရာတွေနဲ့ ခုတ်မောင်းနေဆဲ
ဝေဒနာတွေလည်း ခမ်းနားမြဲ
ငါ့ဘဝသမိုင်းထဲ သေဆုံးခဲ့ဖူးတဲ့
မှတ်တိုင်တခုနဲ့ ရေးခဲ့ဖူးတဲ့
မှတ်တမ်းတွေကို အတိတ်မှာရေးဆွဲရင်း
ပစ္စုပ္ပန်မှာ မြေဇာဖြစ်ခဲ့ပြီလေ…။

 

တက္ကသိုလ်မြတ်မင်း

http://www.myatminnpoem.blogspot.com

In: ကဗျာ Posted By: Date: Jan 28, 2012
Comment #1

အားပေးပါတယ်….။..။.

commentinfo By: SoFarAwayFromU at Jan 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment