Professional Authors

ကမ္ဘာကြီးပျက်စီးခြင်း……..

အချစ် ဒါလဲဖျက်မှာပဲ ဘာဖြစ်လဲ

ငါတို့ရဲ့ နှလုံးသားတွေ တဖြည်းဖြည်းမာကျောလာတယ်……

ကတိ ဒါလဲဖျက်မှာပဲ ဘာဖြစ်လဲ

ငါတို့ရဲ့ စာရိတ္တတွေ တဖြည်းဖြည်းယိုယွင်းလာတယ်……

စည်းကမ်း ဒါလဲဖျက်မှာပဲ ဘာဖြစ်လဲ

ငါတို့ရဲ့ ပတ်ဝန်းကျင်တွေ တဖြည်းဖြည်းညစ်နွမ်းလာတယ်…..

ဘာသာ ဒါလဲဖျက်မှာပဲ ဘာဖြစ်လဲ

ငါတို့ရဲ့ ခံယူချက်တွေ တဖြည်းဖြည်းအရောင်ညစ်လာတယ်….

ဘ၀ ဒါလဲဖျက်မှာပဲ ဘာဖြစ်လဲ

ငါတို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေ တဖြည်းဖြည်းအစွန်းရောက်လာတယ်…..

မေတ္တာ ဒါလဲဖျက်မှာပဲ ဘာဖြစ်လဲ

ငါတို့ရဲ့ လက်ထဲမှာ ပိုက်ဆံတွေ တဖြည်းဖြည်းပိုများလာတယ်…..

ဘေးနားတစ်ဝိုက်လုံး နီကိုတင်းတွေ ပြည့်နေတတ်ပြီ

ကောင်းကင်တစ်ခုလုံးလဲ အဆိပ်ငွေ့တွေနဲ့

အောက်စီဂျင်လဲ ပေးဖို့ စိမ်းလန်းခြင်းတွေလဲ မရှိတော့ဘူး….

တစ်ခြားမှာ နယ်ချဲ့ဖို့စဥ်းစားတတ်နေပြီ

ကမ္ဘာ ဒါလဲ ဖျက်မှာပဲ ဘာဖြစ်လဲ…။

 

In: ကဗျာ Posted By: Date: Jan 26, 2012
Comment #1

ကဗျာကောင်းလေးဗျာ..
အားပေးသွားတယ်နော်

commentinfo By: sharon myorr myor at Jan 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment