Professional Authors

မိုးခေါ်သူ

 မျက်ဝန်းတွေသိမ်းလိုက်ပြီလား…


ပိုင်ဆိုင်ခွင့်ရတဲံ့အရာအားလုံးထက်
မင်းအကြည့်တစ်စုံသာ   မက်မောခဲ့သူပါ။
ခြေလှမ်းတွေရပ်လိုက်ပြီလား
ရှေ့မှာလည်း   ပန်းတိုင်ဆိုတာရှိသားနဲ့လေ။
ဖွင့်,မပြောရက်ခဲ့တာလား…….
ဖွင့်,မပြောထွက်ခဲ့တာလား……
ဖွင့်,မပြောချင်ခဲ့တာလား……..
မရေရာမှူတွေများလာတော့
ကိုယ့်ရင်ကိုယ်ပြန်ငုံ့ကြည့်တဲ့အခါ
အရှုံးတွေသာအပ်ကြောင်းထပ်နေခဲ့တယ်။
မျှော်လင့်ခြင်းကောင်းကင်တစ်ခုပေါ်က
ပြိုဆင်းလာမဲ့  အကြင်နာမိုးကိုကိုးလို့
ရင်ထဲမှာပန်းတစ်ခင်း  ပျိုးထားလိုက်တာ
အခုတော့…..ပန်းတွေလည်းညှိုးလို့
အလွမ်းတွေသာတိုးလာခဲ့တယ်။
ဟော……ထစ်ချုန်းသံသဲ့သဲ့လား..
ခြောက်ခမ်းနေတဲ့   ဒီရင်ခွင်ကို
ရွှဲရွှဲစိုအောင်  ရင်ဖွင့်ကြိုတော့
မိုးက…….ညို့ရုံတင်ညို့ခဲ့တာ။
In: ကဗျာ Posted By: Date: Jul 7, 2010
Comment #1

great poem!

commentinfo By: ezra at Jul 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment