Professional Authors

ကြော်ငြာ မဟုတ်ပါ . . . .

အမျိုးအစားက လူ
ကုန်ပစ္စည်း အမည်က ဘာညာသာရကာ
ဒီလိုနဲ့ တင်ပို့ခဲ့ပါသည် . . . . ။

ကြောင်ကလေးက ရေကြောက်တယ်
သူ့ခန္ဓာကိုယ်မှာ မီးဖိုချောင်က အနံ့တွေ နဲ့ မို့
ကမ်းစပ်က ပဲ ခွက်ကလေး နဲ့ရေချိုးခဲ့တယ် . . . . ။

ကမ်းရိုးတန်း ဒေသများတွင်
လူတစ်ယောက် အိပ်မက်တစ်ခုထက်ပို မက်ခွင့်မရှိ
ရေကြီးတတ်သည် . . . . ။

အလွန်မွှေးသော ရေမွေးတစ်ပုလင်းကို
နေ့စဉ် သုံးစွဲခွင့် မရှိ
ကိုယ်စောင့်နတ် အသက်ရှူကြပ်တတ်သည် . . . . ။

ညနေတိုင်း လေဆိပ်သို့ လမ်းလျှောက်ခြင်း မပြုရ
အသက်ကြီး အဘိုးအဘွားများမှ အပ
လေယာဉ် အကြပ်ရိုက်တတ်သည် . . . . ။

ဒွေးရိုက်ပြသော ပေါင်ဒါ ကို ၀ယ်မသုံးသင့်
အချိန်ကာလ အရ
ဓာတ်ပြယ်သွားတတ်သည် . . . . ။

မိုးကာ အကျီ င်္ မ၀တ်သင့်
ရောက်လာသော မိုးရာသီ အရ
Yamasu ကောင်းသောကြောင့် ဖြစ်သည် . . . . ။

In: ကဗျာ Posted By: Date: May 22, 2010
Comment #1

တစ်ကယ် မှတ်သားဖိုးကောင်းတယ်
နောက်ဆိုရင် ကိုစောင့်နတ် အသက်ရှူမကြပ်အောင် ရေမွေးမသုံးတော့ဘူးပျို့

commentinfo By: Apple at May 22, 2010
Comment #2

အရမ်းကောင်း၏

commentinfo By: favourite2me at Jun 14, 2010
Comment #3

အင်း …………ဒါမျိုးလေးတွေ ဒီမှာ ဖတ်ရတာ ၀မ်းသာတယ်ဗျို့

commentinfo By: အငွေ့ at Jun 14, 2010
Comment #4

တစ်မျိုးလေးပဲနော် … 🙂

commentinfo By: chityellusoelay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment