Professional Authors

နောက်ဆုံး အင်္ကျီ

» ငါတို့ တစ်နေ့လုံး အပူအင်္ကျီတွေ ၀တ်ပြီး
လမ်းလျှောက်ခဲ့ရသလို
အပူအင်္ကျီ ၀တ်ဆဲမှာပဲ
အင်္ကျီအေးကို ၀တ်ပြီး
အလုပ်ဆက်ခဲ့ရတဲ့
နေ့တွေလည်း ရှိခဲ့တယ်။

» အအေး အင်္ကျီကို တသက်လုံး
ဝတ်ပြီး နေခဲ့ရာကနေ
အသက်ရှုရပ်ခါနီးမှ
အင်္ကျီပူကို မ၀တ်ချင်ပဲ
ဝတ်ခဲ့ရတယ်လေ။

» လောကဆိုတဲ့
အိမ်ကြီးမှာ
အမျိုးမျိုးသော
ဖြစ်ရပ် အင်္ကျီတွေနဲ့
အသက်ရှုခဲ့ကြပေမယ့်။

» နောက်ဆုံးတော့
အားလုံးသူက
အနတ္တ အင်္ကျီနဲ့
နောက်ဆုံး အခန်းမှာ
အိပ်သွားကြရစမြဲ မဟုတ်လား . . . ။
( ရွက်စိမ်း)

In: ကဗျာ,Others Posted By: Date: Oct 28, 2011
Comment #1

၂ ပုဒ် ထပ်နေသလားလို့ 

Leave Comments

Name*

Email*
Website
Email me whenever there is new comment