Professional Authors

နောက်ဆုံး အကျီ

» ငါတို့ တစ်နေ့လုံး အပူအကျီတွေ ၀တ်ပြီး
လမ်းလျှောက်ခဲ့ရသလို
အပူအကျီ ၀တ်ဆဲမှာပဲ
အကျီအေးကို ၀တ်ပြီး
အလုပ်ဆက်ခဲ့ရတဲ့
နေ့တွေလည်း ရှိခဲ့တယ်။

» အအေး အကျီကို တသက်လုံး
ဝတ်ပြီး နေခဲ့ရာကနေ
အသက်ရှုရပ်ခါနီးမှ
အကျီပူကို မ၀တ်ချင်ပဲ
ဝတ်ခဲ့ရတယ်လေ။

» လောကဆိုတဲ့
အိမ်ကြီးမှာ
အမျိုးမျိုးသော
ဖြစ်ရပ် အကျီတွေနဲ့
အသက်ရှုခဲ့ကြပေမယ့်။

» နောက်ဆုံးတော့
အားလုံးသူက
အနတ္တ အကျီနဲ့
နောက်ဆုံး အခန်းမှာ
အိပ်သွားကြရစမြဲ မဟုတ်လား . . . ။
(ရွက်စိမ်း)

In: ကဗျာ,Others Posted By: Date: Oct 28, 2011
Comment #1

ကို / မ ရွက်စိမ်း ကဗျာတွေက တရားသဘောတွေ များတယ်ထင်တယ်
လုလင် အားပေးသွားသည်

Leave Comments

Name*

Email*
Website
Email me whenever there is new comment