Professional Authors

အချစ်မဟုတ်ပါ

ငါ ကိုယ်တိုင်အချစ်လို့ထင်ခဲ့တဲ့အရာက

တကယ်တော့ အချစ်မဟုတ်ခဲ့ဘူး…။

အချစ် ဆိုတဲ့နူးညံ့တဲ့အရာကို

ထင်ယောင်ထင်မှားအရာတွေနဲ့

မိုက်မဲစွာလွဲမှားခဲ့တယ်…။

တခဏတာစိတ်လှုပ်ရှားမှုက

အချစ် မှ မဟုတ်တာ….

နင်  မရှိတဲ့ နေ့ရက်တိုင်းမှာ

ငါ ဟန်မပျက်ဘဲ နေနိုင်ခဲ့တယ်…။

အလွမ်းဆိုတာနဲ့

သတိရတာက ဆင်မလိုလိုနဲ့ မတူတဲ့အရာတွေဆိုတာ

အခုမှ သေချာသိခဲ့ရတာ…..။

အချစ် မပါဘဲနဲ့တော့

ငါတို့ဇာတ်လမ်းကို ကန့်လန့်ကာချလိုက်တာက

ပိုကောင်းပါလိမ့်မယ်…။           

In: ကဗျာ Posted By: Date: Jan 21, 2012
Comment #1

hote lar?
ei lay dot tay char ma ti bu,,
a chain tine ta ti ya nay dar be,,
loak sa yar shi tar tway han ma pyat loak nay pay me sate hte hmar a mye shi de,,

commentinfo By: ei lay at Jan 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment