Professional Authors

သူ

အေးစိမ့်ပျော်ဝင်နေဆဲ

ငါ့နှလုံးသားကို

ဓားသွားနက်နက်ဖြင့် ထိုးစိုက်ရက်သူ….

 

အချိန်ကြာကြာ

အကွက်စေ့စေ့နဲ့ 

ငါ့ မြတ်နိုးတွယ်တာမှု့ တွေကို မျှားယူ….

 

အခုများ

ငါဆိုတာ နင်စေရာ

ရုပ်သေးရုပ်ပေါ့…

 

အချစ်က

ဆောင်းရာသီ ပြိုင်ပွဲတခုလား…

 

ငါပေးလိုက်သမျှ

နင့်အတွက်တော့

ခပ်ပေါ့ပေါ့ ပျက်လုံးတခုပေါ့ ….

ဟုတ်လား….

 

အဲဒီ

ရက်စက်တတ်သူ

နူးညံ့ ခဲ့ ဖူးသူ

ငါသိပ်ချစ်တဲ့ သူ………

In: ကဗျာ Posted By: Date: Nov 26, 2011
Comment #1

အားပေးပါတယ်…။…။

commentinfo By: SoFarAwayFromU at Nov 26, 2011
Comment #2

thu pop.
thu pop.

commentinfo By: ei lay at Nov 26, 2011
Comment #3

ဟုတ်တယ်……အဲဒါသူ

commentinfo By: moehtetaung18 at Nov 26, 2011
Comment #4

သူပဲ
သူပဲ

commentinfo By: sharon myorr myor at Nov 26, 2011
Comment #5

သူလေး ခဏလောက်တော့ရှင်းပြခွင့်ပေးပါဦး ~~ ~~ အဲ့သီချင်းလေးတောင် သတိရသွားတယ်ဗျာ
ကဗျာလေးက ခံစားချက်အစစ်တွေလိုဘဲ
အားပေးသွားကြောင်းပါ ။

commentinfo By: X - ray at Nov 29, 2011
Comment #6

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ…… 🙂

commentinfo By: မိုးညို at Nov 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment