Professional Authors

ဆောင်းလေရူး

 

ငါကတော့..ကောင်းကင်တစ်ခုဖန်ဆင်းလိုက်တာပဲ..

နင့်လက်ထဲရောက်မှ..ကြေကွဲနေတဲ့ 

ရာသီဥတုတွေ…ဖြစ်တည်ကုန်တယ်..

 

မိုးသားတစ်ခုလုံး…

ဆောက်တည်ရာမဲ့ ..

လေရူးတွေအကြိမ်ကြိမ်တိုက်ခတ်..

 

ပုံစံမ၀င်တဲ့ …

ဒေါင့် ချိုးအမျိုးမျိုးကနေ…

သုံးစားမရတဲ့ ..မာနတွေက

အမည်တပ်ကြတယ်..

 

“……” “…….” “……..”

 

ဘာလို့ … ချစ်နေသေးတာလဲ

ဘာလို့ …တွယ်တာနေသေးတာလဲ

ဘာလို့ …ခံစားချက်တွေကိုဦးစားပေးနေသေးတာလဲ..????

 

လူဆိုတာ..

တစ်ကိုယ်ကောင်းဆန်တယ်..

 

ငါခြယ်လိုက်တဲ့ ..

အချစ်တွေကို..

နင်မြင်စေချင်တယ်…

 

ငါ..ဖန်တီးလိုက်တဲ့ 

သံယောဇဉ်ဆိုတာ..

ဖြတ်မရတဲ့ ..ကြိုးတစ်စမှန်း

သိရက်နဲ့ ..ဇွတ်ချည်ခဲ့မိတာ..

 

နောက်ဆုံးတော့..

ငါရလိုက်တာ..အဆုံးမဲ့ 

လွမ်းဆွေးခြင်းတွေပါပဲ.. .။  ။

 

 

 

လင်းတန်ဆောင်


In: ကဗျာ Posted By: Date: Jan 21, 2012
Comment #1

i don’t think so

commentinfo By: ei lay at Jan 27, 2012
Comment #2

လူဆိုတာ..

တစ်ကိုယ်ကောင်းဆန်တယ်..

ငါခြယ်လိုက်တဲ့ ..

အချစ်တွေကို..

နင်မြင်စေချင်တယ်…

ငါ..ဖန်တီးလိုက်တဲ့ 

သံယောဇဉ်ဆိုတာ..

ဖြတ်မရတဲ့ ..ကြိုးတစ်စမှန်း

သိရက်နဲ့ ..ဇွတ်ချည်ခဲ့မိတာ..

နောက်ဆုံးတော့..

ငါရလိုက်တာ..အဆုံးမဲ့ 

လွမ်းဆွေးခြင်းတွေပါပဲ.. .။ ။

commentinfo By: May Kha at Jan 27, 2012
Comment #3

အိုးအိုးးးးးးးကြိုက်သွားပြီးဗျာ….

commentinfo By: poem.poem28 at Jan 27, 2012
Comment #4

!_!
!_!
!_!

commentinfo By: ei lay at Oct 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment