Professional Authors

နင် မလိုအပ်ရင်

နင် စိတ်ညစ်တဲ့အခါ

ကိုယ်မျက်နှာသစ်နဲ့

မင်းရဲ့ စိတ်ကို ရွှင်လန်းစေချင်

နင်ဝမ်းနည်းတဲ့အခါ

ဝင်လာမယ့် ၀မ်းနည်းမှုတွေ

ပျော်ရွှင်မှုအဖြစ် ဖန်တီးချင်

နင် မျက်နှာပြုံးပျော်ရွှင်နိုင်ဖို့

ငါဟာ လူရွှင်တော် ဖြစ်ချင်

နင်မျက်ရည်ကျလာရင်

သုတ်ပေးဖို့ ငါ့လက်တို့

အမြဲ ဆန့်ထားချင်

နင်စိတ်တိုလာရင်

ငါစိတ်ကိုအတတ်နိုင်ဆုံး

ရှည်ပေးထားချင်။

 

နင်ပျော်နေတာမြင်ရင်

ငါလည်း အလိုလိုပင်

ပျော်တယ် ချစ်သူ

နင် ၀မ်းနည်းတာမြင်ရင်

ငါလည်း အလိုလိုပင်

ဝမ်းနည်းလာတယ် ချစ်သူ။

 

နင်ဘာပဲ ဖြစ်နေ ဖြစ်နေ

နင်ဘာပဲ ဖြစ်ချင် ဖြစ်ချင်

နင် တောင့်တတဲ့ အိမ်မက်

ဒီ့ထက် ပိုပြည့်စုံအောင်

အားလုံး……… အားလုံး

အကုန်လုံးကိုပေါ့

ဖြည့်ဆည်းပေးချင်သူ

ငါပါ ချစ်သူ။

 

နင့်အတွက်ဆို

အသေးအမွှားလေးကအစ

(တစ်ခု မကျန်)

တစ်ခုခု…..

ငါလုပ်ပေးချင်

ငါလုပ်ပေးရရင်

ငါကျေနပ်နိုင်တယ်။

 

နင်ဝမ်းနည်းလို့ ကြေကွဲနေရင်

နှစ်သိမ့်အားပေးဖို့ နင့်အနား

ငါအရောက်လာချင်

နင်အားငယ်နေရင်

အားပေးဖော်အဖြစ်

နင့်အနား ငါရှိနေချင်

နင် ပျင်းလို့ရှိရင်

အပျင်းဖြေ ဖြစ်ဖြစ်

ငါ နင့်အနားရှိနေချင်

ဒါပေမယ့်

နင်မလိုအပ်ရင်

………………..

In: ကဗျာ Posted By: Date: Jan 20, 2012
Comment #1

အားပေးပါတယ်….။

commentinfo By: SoFarAwayFromU at Jan 21, 2012
Comment #2

d lout chit phoe kaung tar ,,,
be lo loh ma lo chin ya hmar tone,,
hlauk pyaw nay de,

commentinfo By: ei lay at Feb 12, 2012
Comment #3

d lout chit phoe kaung tar ,,,
be lo loh ma lo chin ya hmar tone,,
hlauk pyaw nay de,
kwi kwi kwi ….
ei lay ka ma myin bu da ko
I m ugly boy … ;(

commentinfo By: gadounlay at Feb 13, 2012
Comment #4

rr,,,,,,,,,,,,,,,,
bar phyit le?
men so tar chaw phoe ma lo bu,,
yout kyar pi ta phoe pe lo tar.
ei lay ka dot a hla pyin de men tway so a myin kat de,,
pe myar de men tway ko lone wa kyi ma ya bu,,
women tway a hla pyin tine men tway ka loak sa yar lar?[Gay kya nay tar pe]
a yan a hla pyin htar de lo htin yin ei lay ka lone wa ko ma kyi dot tar,,[yun loh]
men phyit p women san tar yae le yun de,
ok? gadounlay le koh kou ko gone u like dot,,

commentinfo By: ei lay at Feb 13, 2012
Comment #5

he he he
… thanks thanks

commentinfo By: gadounlay at Feb 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment