နင်ရှိရင်ဘာသာပြန်ပေးပါ…………………
နင်ရှိရင်ဘာသာပြန်ပေးပါ…………………
တိမ်တွေနဲ့အတူ ငါဟာ………
ပုံစံကွဲအမျိုးမျိုးနဲ့ တိုက်ခိုက်ခြင်းကို
ဗီလိန်တယောက်လို့ ခံစားမှုသက်ရောက်တယ်။
မရှိလည်းဖြစ်သတဲ့လား ငါက
ရှိလည်းမသိသလိုပဲ လား………………
ခေါင်းထဲမှာ သွေးတွေယိုစီးနေပြီ
မမြင်ရတဲ့စိတ်တွေထိကို မိုင်တွေခြားအောင်
ဖန်တီးယူခဲ့လေသလား………
အပေါ်ယံတွေအတွက်ပဲ ငိုကြွေးမိရင်
အလေးနက်ဆုံးက ရယ်မောခြင်းတဲ့လား………………
ဒီဇင်ဘာတွေ တောက်လျှောက်ရွေ့ သွားတယ်…
ငါငေးကြည့်နေတုန်းပဲ
လေပြေနဲ့အတူတူ ပြေးထွက်သွားတဲ့ကောင်မလေးရဲ့ နံဘေးမှာ
ငါလဲကျခဲ့ရတယ်(အိမ်မက်တွေနဲ့အတူတူ)
ပြန်လာမယ့်နေ့တွေဆီ ငါကြိုရောက်သွားချင်တယ်
မှော်ဆရာအိမ်မက်ကလေး မက်ပါစေ
အဲလိုဆုမတောင်းခဲ့ပါဘူး….ဒါဟာ
စိတ်ထဲက ခေါက်သိမ်းထားတဲ့ စာရွက်အလွတ်ကလေးပါ။
Comment #3
“ပြန်လာမယ့်နေ့တွေဆီ ငါကြိုရောက်သွားချင်တယ်”
စာသားလေးက အရမ်းကောင်းပါတယ်ဗျာ…..
အားပေးသွားပါတယ်….။ ။
By: ကေသရီ at Sep 26, 2011
Comment #5
plz translate
By: ei lay at Jun 10, 2012
Comment #6
ကျွန်တော် နှစ်သက်မိတဲ့စာလေးကိုပြောထားခဲ့တာပါ
By: အသဲကွဲ မိုး at Oct 2, 2012
Comment #7
There must b sth wrong.
By: ei lay at Oct 2, 2012




Comment #1
မရှိလည်းဖြစ်သတဲ့လား ငါက
ရှိလည်းမသိသလိုပဲ လား………………
ခေါင်းထဲမှာ သွေးတွေယိုစီးနေပြီ
မမြင်ရတဲ့စိတ်တွေထိကို မိုင်တွေခြားအောင်
ဖန်တီးယူခဲ့လေသလား………