Professional Authors

အချစ် ရူးတစ်ယောက်ရဲ့ … အတိတ်

ကောင်မလေးရယ် …..
ဆောင်းရဲ့ အငွေ့အသက်
မြူမှုန်တွေ ဝေ့လို့ဝဲ
လေနုအေးအေးတွေနဲ့
ရာသီ နိဒါန်း ဖွင့်
တဖြေးဖြေး သက်ဝင်လာခဲ့ပြီ ….

အေးမြတဲ့ မနက်ခင်းတိုင်း
မင်း ရဲ့ ပုံရိပ်တွေနဲ့
ပြည့်နှက်နေတဲ့ ငါ့အခန်းထဲ
တကယ်သာ ရှိနေခဲ့ရင်
ငါလို … အထီးကျန် …
အချစ်ရူး တစ်ယောက်ရဲ့
ကယောင် … ကတမ်း
သံစဉ် မညီညာခဲ့တဲ့
လွမ်းတေးတွေ ဆိုညည်းနေတာကို
မင်း … မြင်တွေ့နိုင်မှာပါ …

ကိုယ်ကိုတိုင် … အလွမ်းကိုဖန်တီး
မင်းရဲ့ အမုန်းတွေရဖို့အတွက်
နှလုံးသားကို စတေးပြီး
အချစ်စစ်တွေ ကွယ်ဝှက်ထားခဲ့တဲ့
နေ့ရက် … အချိန်တွေရယ် …
ဖြစ်နိုင်ရင် ….. အသစ်က ပြန်စချင်တယ် ….. ။

Zero Boyz ( zeroboyz123@gmail )

In: ကဗျာ Posted By: Date: Jan 19, 2012
Comment #1

အချစ်စစ်တွေ ကွယ်ဝှက်ထားခဲ့တဲ့
နေ့ရက် … အချိန်တွေရယ် …
ဖြစ်နိုင်ရင် ….. အသစ်က ပြန်စချင်တယ် ….. ။

commentinfo By: May Kha at Jan 19, 2012
Comment #2

why not?
everything is up to u.
noone can destory if u r eager.
be confident.

commentinfo By: ei lay at Jan 19, 2012
Comment #3

ငါလို … အထီးကျန် …
အချစ်ရူး တစ်ယောက်ရဲ့
ကယောင် … ကတမ်း
သံစဉ် မညီညာခဲ့တဲ့
လွမ်းတေးတွေ ဆိုညည်းနေတာကို
မင်း … မြင်တွေ့နိုင်မှာပါ …

commentinfo By: အသဲကွဲမိုး at Jan 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment