Professional Authors

အတိတ်-၃

ဆောင်း တစိမ့်စိမ့်စိုနေတဲ့
အရှေ.လေ တေးသွားအလိုက်
စံပယ်တွေ တဖြိုက်ဖြိုက် ပွင့်ခဲ့တဲ့ ကာလများ
တကယ်ရှိဘူးတယ်။

ကြာ…..ခဲ့………ပြီ……….လို.
ကောနေတဲ့ မြစ်ကြီးက လှမ်းပြောတယ်
ဘယ်မှာ ကျပျောက်သွားမှန်းမသိတော့
ဘယ်မှာ ရှာရမှာမှန်း မသိပြန်ဘူး။

သက္ကရာဇ်တွေထဲကို
ထိုးခွဲနစ်ဝင်သွားတဲ့ အတိတ်တို.
မြန်လွန်းတယ်
ဆောင်းနောက်ကို ပြေးလိုက်မိလို.
နွေဦးနဲ.လွဲခဲ့တာမျိုး။

ငါ့ရှေ.တင် ငါနဲ.လွဲသွားတဲ့ တနင်္လာ
ကဗျာဆန်ဆန် နိမိတ်ပုံ
ဖြစ်နိုင်ရင် ဘာကိုမှမယုံဘူး။

အဲဒါအကုန်ပဲ
နာမည်လေးတစ်ခုကို
ခေါင်းငုံခေါ်နေမိတဲ့ ငါ့အကြောင်း။     ။

In: ကဗျာ Posted By: Date: Jan 26, 2011
Comment #1

ငါ့ရှေ.တင် ငါနဲ.လွဲသွားတဲ့ တနင်္လာ
ကဗျာဆန်ဆန် နိမိတ်ပုံ
ဖြစ်နိုင်ရင် ဘာကိုမှမယုံဘူး။

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #2

ကိုမော်နီ……တဒင်္ဂလေးလိုပါပဲ

Comment #3

“အဲဒါအကုန်ပဲ
နာမည်လေးတစ်ခုကို
ခေါင်းငုံခေါ်နေမိတဲ့ ငါ့အကြောင်း။ ။”

ကိုမော်နီ…..ကဗျာတစ်ပုဒ်လုံးကိုကြိုက်ပါတယ်……
အားရပါးရအားပေးသွားပါတယ်……….
ကိုမော်နီပျော်ရွှင်ပါစေ………………..။ ။

commentinfo By: ကဗျာချစ်သူ at Jan 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment