Professional Authors

ယုံလားတော့မသိဘူး

မေးခဲ့ဖူးတဲ့ မေးခွန်းတွေ
ဖြေခဲ့ရတဲ့ အဖြေတွေ
ပေးထားဖူးတဲ့ ကတိများရယ်
စဉ်းစားမိတိုင်း စိတ်လေတယ်
ထားခဲ့ဖူးတဲ့ သစ္စာတွေလည်း
လမ်းခွဲတော့မှ ငါအသဲကွဲ……………..

ငါအသဲကွဲတာ တစ်ခါတည်းပဲ
ရလိုက်ရတဲ့ ကဗျာတွေနဲ့
နောက်ထပ်တွေ့လည်း အရင်အတိုင်းပဲ
ဆက်ကာရေးမယ် တစ်သက်လုံးပဲ……..

အသဲကွဲပေမဲ့ ကဗျာရေးမပျက်ခဲ့ပါဘူး
ကဗျာသစ်တွေတိုးလို့ ကွန်မန့်တွေလည်းများနေပါပြီ
ကံအကြောင်းမလှလို့ ဝေးခဲ့ရပေမဲ့
ဝေးကွာခြင်းဟာ ကဗျာပါပဲ…

ကျေးဇူးပဲ…သက်ထားရယ်
မင်းပေးခဲ့တဲ့ အမွေ
Poemscorner မှာ ကဗျာဖြစ်နေပြီလေ……..

ကွန်မန့်တွေများလို့ 
မေးလ်ထဲမှာ ထပ်ခါနေ
စိတ်ညစ်လို့ ဖျက်တိုင်းလည်း မနိုင်ပေ
မင်း သိလို့လား…လေ…

မာနတွေ ခွေးဖြစ်ဝက်ဖြစ်ကျတဲ့နေ့
ငါမင်းအတွက် ကဗျာရေးဖို့စောင့်နေတယ်.
မာယာများတဲ့ မင်းအပြုံးတွေ
ခြေသုတ်ခုံလုပ်ဖို့ ထားခဲ့တော့လေ…….

ပေးခဲ့ဖူးတဲ့အနမ်းတွေ
ခွေးကျွေးပစ်ဖို့ စုထားမလေ
မင်းပစ်သွားတာ ကဗျာအသစ်ရသလိုပဲ
ငါခံစားနေရတယ်..

ငါပျော်တယ် ကြည်နှုးတယ်
မျက်ရည်တွေဟာ ကဗျာတွေပါပဲ
သုတ်ပေးမဲ့သူမရှိတော့ 
Poemscorner မှာ အပ်ထားပါတယ်……….

ကလောင်နာမည် စိုးတဲ့
မသိရင်မှတ်ထား
အဲဒါမင်းအရင်ရည်းစား
ငါပဲဆိုတာ ယုံးလားတော့မသိဘူး………….

နှလုံးသားအသစ်ရဲ့ ထွက်ကျလာတဲ့မျက်ရည်ကဗျာတွေကို
သူငယ်ချင်းများနှင့်အတူ ခံစားနိုင်ကြပါစေလို့ ဆုတောင်းလျက်
                                                စိုး…………………..

 

In: ကဗျာ Posted By: Date: Jan 19, 2012
Comment #1

ကျေးဇူးပဲ…သက်ထားရယ်
မင်းပေးခဲ့တဲ့ အမွေ
Poemscorner မှာ ကဗျာဖြစ်နေပြီလေ

commentinfo By: May Kha at Jan 19, 2012
Comment #2

ချစ်သူထားခဲ့တော့ကဗျာရတာလား
တစ်ကယ်လို့ချစ်သူ မထားခဲ့ရင်ကဗျာမရဘူးပေါ့နော်
သုံးထားတဲ့ စကားလုံးတွေလှတယ်နော်

commentinfo By: jasmine at Jan 19, 2012
Comment #3

kwi,,kwi,,
lol…
kyay zu tin ya hmar pop,
thu kyaunt pyin nyar tway toe lar de lay.

commentinfo By: ei lay at Jan 19, 2012
Comment #4

ငါပျော်တယ် ကြည်နှုးတယ်
မျက်ရည်တွေဟာ ကဗျာတွေပါပဲ
သုတ်ပေးမဲ့သူမရှိတော့
Poemscorner မှာ အပ်ထားပါတယ်……….
အားပေးသွားတယ်ဗျ

commentinfo By: အသဲကွဲမိုး at Jan 20, 2012
Comment #5

သူက ယုံလားတော့ မသိဘူး
ငါတော့ ယုံတယ်။
ငါအသဲကွဲတာ တစ်ခါတည်းပဲ
ရလိုက်ရတဲ့ ကဗျာတွေနဲ့
နောက်ထပ်တွေ့လည်း အရင်အတိုင်းပဲ
ဆက်ကာရေးမယ် တစ်သက်လုံးပဲ……..

အသဲကွဲပေမဲ့ ကဗျာရေးမပျက်ခဲ့ပါဘူး
ကဗျာသစ်တွေတိုးလို့ ကွန်မန့်တွေလည်းများနေပါပြီ
ကံအကြောင်းမလှလို့ ဝေးခဲ့ရပေမဲ့
ဝေးကွာခြင်းဟာ ကဗျာပါပဲ…

ကျေးဇူးပဲ…သက်ထားရယ်
မင်းပေးခဲ့တဲ့ အမွေ
Poemscorner မှာ ကဗျာဖြစ်နေပြီလေ……..
အားပေးသွားတယ်ဗျ။

commentinfo By: gadounlay at Jan 20, 2012
Comment #6

Thanks to Myat Kha, Jasmine, Ma EI, အသဲကွဲမိုး and gadounlay ..

commentinfo By: soeoo at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment