သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်
မမုန်းချင်တဲ့ အစွဲအလမ်းက တမ်းတ
တို့နှစ်ယောက်ရဲ့ မှတ်တမ်းလေးက
ခိုင်ကျာင်းသူ ကျွန်တော်ကျောင်းသား ဘဝကစခဲ့ရတယ်..။
အမှတ်တမဲ့ တွေ့ဆုံမှုမှ အမှတ်တရသို့တိုင်
ရင်ခုန်သံတွေ တသွင်သွင်စီးကာ ပျော်လို့
နှလုံးသားလေး တခါးတွန်းဖွင့်ဝင်လာခဲ့သူ…
မဆုံတဲ့ ဖူးစာဆိုတာရှိခဲ့လို့ပဲ ကျွန်တော်တို့ဝေးရတာပါ..၊
ကျွန်တော် မဆိုနိုင်တဲ့ ခိုင့်အတွက် နှုတ်ထွက်စကားတစ်ခွန်း
ရင်ထဲမှာ ထာဝရသိမ်းထားပါရစေ…။
ကျွန်တော့်ရင်ထဲမှာ ခိုင်ဆိုတဲ့ ကမ္ဗည်းကို
တိတ်တိတ်ကလေး ခိုးပြီးထိုးလို့
ကိုယ့်အတွက်မဟုတ်တဲ့ ပန်းတစ်ပွင့်ကို
ယုယုယယ ပြုစုနေခဲ့မိ…..၊
ခူးခွင့်မရှိလည်း စူးနစ်စွာချစ်မိတယ်…
ဘဝမေ့တဲ့ အရှုံးသမားအတွက်
အမုန်းများစွာပဲ ချန်ထားပေးပါ…၊
ရပါတန့်မရတော့တဲ့ သံယောဇဉ် စီးချင်းအတွက်
သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်ပါရစေ ခိုင်…။ ။
ဇော်သက်ဦး
Comment #3
he,,he,,
he,,he,,
By: ei lay at Jan 1, 2012
Comment #4
မိုက်တယ်သယ်ရင်း…ဆက်လိုက်
By: ခိုင်ခိုင် at Feb 21, 2012
Comment #5
ကောင်းလွန်းလို့ဘာပြောရမှန်းတောင်မသိဘူးကွယ်ရို့
By: နိင်မင်းဝေ at Apr 9, 2013
Comment #6
အရမ်းကောင်းတယ်ဗျာ ဒီကဗျာလေးကိုပြန်ဖတ်လိုက်ရတော့ သူတို့ရဲ့ဇာတ်လမ်းလေးကို ပြန်မြင်ရောင်လာတယ် အသဲနုတယ်ဘဲပြောမလား အဲ့ဇာတ်လမ်းလေးရင်ထဲရောက်လာရင် ကျွန်တော့ ရဲ့မျက်လုံးအိမ်မှာ သူ့အလိုလိုမျက်ရည်ဝဲလာတယ်
By: aung aung at Sep 25, 2014
Comment #7
fgju67e09r-p9op;
By: laminyaung at Oct 3, 2014




Comment #1
Soooooooooooooooo NiCE .