Professional Authors

နယ်ရုပ်

ကျွန်တော် …ဟာ..ခင်ဗျား..ရဲ့နယ်…ရုပ်

အရှုပ်ထုတ်တွေ..မလုပ်ခဲ့ရိုးလည်းအမှန်…

အခွင့်အလှမ်း ပြောင်းလို့…

ဘုရင်ရုပ်နေရာ…တောင်းဆိုမယ့်သူ..လည်း

မဟုတ်ခဲ့ရပါဘူး…..(ခင်ဗျား ..အသိဆုံးပါ)

 

ငုံ့ငုံ့လျိုးလျိုး နဲ့ အငြိုးမဲ့စွာ….မျှော်လင့်

ခင်ဗျား …ပြုံးနေကျ..လှောင်ပြုံးလေးကိုလည်း…ကျွန်တော် မြတ်နိုးတယ်


တိုးလိုက် ဆုတ်လိုက် နဲ့…. အချိုးတွေ..တမျိုးပြီးတမျိုး…

မရိုးနိုင်အောင် …ဆိုး..ခဲ့ပေမယ့်

ဒီလူ့ရင်ဘတ်….မှာ….

ခင်ဗျားအမူအရာတွေပဲ…တပ်မက်…

သွေးအစက်စက်နဲ့..ကျောက်စာ..ရေးထိုးနေခဲ့တယ်

 

တကယ်ပါ..

ကျွန်တော်…မမုန်းဘူး

အရူးလုပ်ခံရတဲ့ဘ၀ဟာ (ခင်ဗျားကြောင့်သာဆိုရင်)

မင်းသမီး..စည်းစိမ်ထက်..ပို…..တန်ခိုးထက်တယ်

အနားမှာ..ခစားရခြင်းကိုက

ကျွန်တော့် အတွက်တော့..အဖိုးမဖြတ်နိုင်အောင်ပါပဲ။

 

အများကပြောတယ်

ကျွန်တော်က..ခေတ်သစ် ကိုပေါတဲ့

ခင်ဗျားကပြောတယ်

ကျွန်တော်ဟာ…… တနေ့နေ့မှာတော့…

ရင်ဘတ်ထဲက တနေရာ..ရရှိလာနိုင်ပါတယ်တဲ့

ကဲ..ထားတော့..

ကျွန်တော် .ကိုပေါ မဟုတ်ဘူး

ဒါပေမယ့် ..

ခင်ဗျားရင်ဘတ်ထဲ..တနေရာ ရချင်တာတော့..အရူးတပိုင်းပါပဲ။


မီးဝိုင်းနေတဲ့…ကံဇာတာ ထက်

ဘီလူး ဆိုင်း တီးနေတဲ့ နက္ခတ်..အငြိုး တွေထက်

(ခင်ဗျားနား..၀ဲတဲ့)

ဆိုဒ်အနှမ်းနှမ်း

ဂိုက် အလန်း..ဇယားတွေက

ကျွန်တော့်နှလုံးသားရောင်ခြည် အတွက် မိုက်ကြေး..ခွဲနေခဲ့

ကြောက်ပါတယ်….

တကယ်……

ကျွန်တော်..ကြောက်တယ်….

မှောက်မှားကာ….

(ကျွန်တော်ချစ်သော)…

ခင်ဗျားလေး…ဖောက်ပြားသွားမယ့်…ဆုံးဖြတ်ချက်တွေကိုပေါ့

ကျေးဇူးပြု၍…

ခင်ဗျားရဲ့နယ်ရုပ်…

အဟုတ်မရွေ့မဆိုင်းပဲ…

ထားရာနေ စေရာသွားပါ့မယ်

ကျွန်တော့်ကို…. စတေးခံ

အဝေး..သို့..လွှင့် မပစ်လိုက်ပါနဲ့။

In: ကဗျာ Posted By: Date: Jan 18, 2012
Comment #1

ခင်ဗျားရဲ့နယ်ရုပ်…

အဟုတ်မရွေ့မဆိုင်းပဲ…

ထားရာနေ စေရာသွားပါ့မယ်

ကျွန်တော့်ကို…. စတေးခံ

အဝေး..သို့..လွှင့် မပစ်လိုက်ပါနဲ့။

commentinfo By: May Kha at Jan 18, 2012
Comment #2

ma moe yar,,,a yan kaung dar pe shin,,
lone wa ko kway sin twar de,,,

ei lay le shin lo myo sa kar tat chin like tar,,,a hote,
shin ko daw daw chit hmar pe naw,,
a yan sa kar tat tar pe,

commentinfo By: ei lay at Jan 18, 2012
Comment #3

အားပေးသွားပါတယ်ဗျာ
တကယ်ကိုခေါင်းစဉ်နဲ့ကိုက်ညီတဲ့ကဗျာလေးပါ
အဓိပ္ပါယ်ရှိတာပေါ့
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Jan 18, 2012
Comment #4

အားပေးလျက်ပါ အသဲကွဲနေတဲ့ မမ မိုး….။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 18, 2012
Comment #5

ကျွန်တော့်အားပေးကြတဲ့မောင်နှများအားလုံး ကို အများကြီးအများကြီးကျေးဇူးတင်ပါတယ်
ညီမငယ် အိလေး >>> ညီမလေးကို လည်း…ညီမချစ်သူကသိပ်ချစ်မှာသေချာပါတယ်

:’D

commentinfo By: အသဲကွဲမိုး at Jan 18, 2012
Comment #6

kwi,,kwi,,
ei lay hmar khu a tet a ywe hti yee sar ma shi tay bu,,ma moe ye,
kyike me thu ma shi loh,,lol,,,
ei lay chit nay de thu dot shi de,,he,,he,,
thu ka ei lay ko ma chit bu.
ta char thu tway ka ei lay ko chit de,

commentinfo By: ei lay at Jan 18, 2012
Comment #7

့လုံးဝ heart ကိုထိတယ်ဗျာ
ခင်ဗျားတော်တော်ဆိုးတယ် လူဂျိုး ( just kidding)
အစ်မတော် ဒီကဗျာက ပြောစရာမရှိ ပေါစရာမရှိ တကယ်ကို အရေးအသားတွေက လန်…..ပြန်….ထွက်နေပါကြောင်း ~~

commentinfo By: X - ray at Jan 18, 2012
Comment #8

အမ် . . .
နယ်ရုပ်မို့သာ တော်သေးတယ်
ကွင်းသာဆိုရင် မလွယ်ဘူးထင်တယ်မမိုးရေ . . .
ဒီကဗျာကို ကျွန်တော် အရမ်းသဘောကျတယ်ဗျာ

ခင်မင်စွာ အားပေးလျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Jan 18, 2012
Comment #9

အားပေးသွားပါတယ်ဗျာ…..
ကဗျာလေး အားကောင်းတယ်။

commentinfo By: moehtetaung18 at Jan 19, 2012
Comment #10

ဒီကဗျာလေး တော့်တော့်ကို ထိသွားတယ်
အရမ်းကို သဘောကျတယ်ဗျာ။။။။
မမိုး ရေးချက်တွေက မိတယ်။
အားပေးနေတယ်။

commentinfo By: ကတုံးလေး at Jan 19, 2012
Comment #11

ကျွန်တော် ..ရေးသမျှ..သည်းခံဖတ်ပေး အားပေးကြသော ချစ်သူငယ်ချင်းများ
စိတ်လိုလက်ရ.. အားပေးကြသော ချစ်သူငယ်ချင်းများ
မြောက်ကြွမြောက်တက်စေလောက်အောင် အားပေးတတ်သော သူငယ်ချင်းများ
အားလုံးအားလုံးကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်ဗျာ
တကယ်ပါ
ဒီမိုးကို …တိုးတိုးပြီးချစ်ပေးကြတာ…ဒီကဗျာသူငယ်ချင်းတွေပဲရှိတာပါ….
ကျွန်တော်အရမ်းဝမ်းသာပါတယ်

commentinfo By: အသဲကွဲမိုး at Jan 19, 2012
Comment #12

မမိုး….လုပ်ချလိုက်ပြန်ပြီဗျာ…
လုံးဝgoodတယ်….

commentinfo By: poem.poem28 at Jan 19, 2012
Comment #13

ဒီမိုးကို …တိုးတိုးပြီးချစ်ပေးကြတာ…ဒီကဗျာသူငယ်ချင်းတွေပဲရှိတာပါ….
ဟုတ်မှဟုတ်ရဲ့လား…….?။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 19, 2012
Comment #14

အနားမှာ..ခစားရခြင်းကိုက

ကျွန်တော့် အတွက်တော့..အဖိုးမဖြတ်နိုင်အောင်ပါပဲ။
ကဲ..ထားတော့..

ကျွန်တော် .ကိုပေါ မဟုတ်ဘူး

ဒါပေမယ့် ..

ခင်ဗျားရင်ဘတ်ထဲ..တနေရာ ရချင်တာတော့..အရူးတပိုင်းပါပဲ။
ဒီနေရာလေးတွေတော့ တော်တော် သဘောကျတယ်ဗျ။ ကြိုက်လည်း တော်တော် ကြိုက်ပါတယ်။ ကျွန်တော် အသဲကွဲမိုး ကဗျာတွေ ဖတ်ရမှာတောင် ကြောက်လာတယ်ဗျ။ ဒါပေမဲ့ လာလာဖတ်ဖြစ်နေပါတယ်။ ကွန်မန့်ကတော့ ပေးဖြစ်တဲ့ အခါရှိသလို မပေးဖြစ်တဲ့အခါလည်း ရှိတယ်ပေါ့ဗျာ။ ပြီးစလွယ်လည်း မပြောချင်တဲ့ ကဗျာရေးသူချင်း ဖြစ်နေလို့ပါ။ စကားလုံးတစ်လုံးရဖို့ ရင်းရတဲ့ တန်ကြေးက တိုင်းပြည် တစ်ပြည်စာ တန်ပါတယ်။
ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Jan 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment