ရင်…….ဘတ်…..ရာ….ဇ…သံ
စကားလုံးတွေဘယ်လိုမှရွာချလို့မရတဲ့ညတစ်ညမှာ
မင်းအကြောင်းတွေနဲ့အုံ့ဆိုင်းနေခဲ့တယ်
ဒါနဲ့…………………….
ဟိုဟိုဒီဒီလျှောက်
လမ်းမှာအလယ်မှာငါမှောက်တော့
ကတ္တရာရဲ့ခပ်ပူပူတွေက
မွေ့ရာနွေးနွေးလေးလို
ခပ်ဆူဆူဟွန်းသံတွေက
အိမ်ဘေးနားကပုရစ်သံတွေလို
အဲ့ဒီလို. ..လိုလို လိုလို တွေနဲ့
ရောင်နီ
ခေါင်းပေါ်ရောက်တဲ့အထိ
စောင့်ကြည့်မိခဲ့တယ်
လူဆိုတာလည်း
ဒီလို………………..
ဘဝဇာတ်တစ်ခန်း
အဆုံး သတ်ဖို့
မျှော်လင့်ခြင်းရောင်နီတွေ
ရင်ဘတ်မှာသန်းလာတဲ့အထိ
စောင့်ကြည့်နေရဦးမယ်
တစ်ခါတစ်ရံမှာ
ငါ့အတွေးအခေါ်က
ငန်ကောင်းငန်နေမယ်
နံကောင်းနံနေမယ်
ဒါပေမယ့်
ဘယ်တော့မှ…………..
………….အဆိပ်မဖြစ်စေရဘူး
ငါ့ကဗျာတွေဆိုတာလည်း
များကောင်းများမယ်
ခါးကောင်းခါးမယ်
ဒါပေမယ့်
ဘယ်တော့မှ…………..
…………….အမှိုက်မဖြစ်စေရဘူး ။ ။ ။
Ray
16th January ,2012
21:00
Comment #2
ငါ့ကဗျာတွေဆိုတာလည်း
များကောင်းများမယ်
ခါးကောင်းခါးမယ်
ဒါပေမယ့်
ဘယ်တော့မှ…………..
…………….အမှိုက်မဖြစ်စေရဘူး ။ ။ ။
By: May Kha at Jan 18, 2012
Comment #3
ကျွန်တော်လေးစားရတဲ့ ကျွန်တော့အစ်မ ကျွန်တော့ကဗျာလေးကို လာရောက်ဖတ်ရှုသွားတာ ကျေးဇူးဗျာ
မမေခကိုလည်း အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်
နောင်လည်း ကျွန်တော့ကဗျာတွေကို စိတ်ထဲရှိသလိုဝေဖန်ပေးကြပါ ။
With respect,
RAY
By: X - ray at Jan 18, 2012
Comment #4
အိုးးးးးးးးးးးးအိုး…ရှယ်goodတယ်ဗျ
ကိုx-ray…
By: poem.poem28 at Jan 19, 2012
Comment #5
အားပေးသွားတဲ့ ကို geniusရေ ကျေးဇူးပါဗျာ
နောင်လည်း ကျွန်တော့ကဗျာတွေ လိုတာရှိရင် စိတ်ထဲရှိတဲ့အတိုင်းဝေဖန်လို့ရပါတယ် ။
With respect,
RAY
By: X - ray at Jan 19, 2012
Comment #7
တစ်ခါတစ်ရံမှာ
ငါ့အတွေးအခေါ်က
ငန်ကောင်းငန်နေမယ်
နံကောင်းနံနေမယ်
ဒါပေမယ့်
ဘယ်တော့မှ…………..
………….အဆိပ်မဖြစ်စေရဘူး
ငါ့ကဗျာတွေဆိုတာလည်း
များကောင်းများမယ်
ခါးကောင်းခါးမယ်
ဒါပေမယ့်
ဘယ်တော့မှ…………..
…………….အမှိုက်မဖြစ်စေရဘူး ။ ။ ။
ကဗျာလေးလည်းကောင်းသလို ဝေဖန်ပေးသွားတဲ့ မောင်မြတ်သူ ကလည်း ပွင့်ပွင့်လင်းလင်းပြောတတ်လို့ လေးစားမိပါသည်..။
အားပေးဖတ်၇ှုလျက်.။
ဇော်သက်ဦး(Ayatekalay)
By: ဇော်သက်ဦး(Ayatekalay) at Jan 28, 2012
Comment #8
nice
By: ei lay at Jan 28, 2012
Comment #9
ပြောစရာရှိတာ ဘွင်းဘွင်းပြောတာအကောင်းဆုံးဘဲ အခုလို စိတ်ထဲရှိတဲ့အတိုင်း ကဗျာလေးကိုထောက်ပြပေးသွားလို့ ကျေးဇူးအားကြီးတင်ပါတယ် အစ်ကိုမြတ်သူ
ကျွန်တော့ကဗျာလေး ဖတ်သွား အားပေးသွားတဲ့ အစ်ကိုဇော်သက်ဦးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်
မအိလေးလည်း ကဗျာလေး အားပေးတဲ့အတွက် ကျေးဇူးပါ
ကျွန်တော်စာပြန်တာနောက်ကျတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ် စာမေးပွဲရှိလို့ ဒီရက်ပိုင်း ဒီဆိုဒ်ကို မရောက်ဖြစ်ဘူးဗျ ကျွန်တော်က ကဗျာဆရာမဟုတ်ပါဘူး ကဗျာရေးတတ်တဲ့သူလည်း မဟုတ်ဘူး ကဗျာတွေကိုချစ်တဲ့ ကဗျာတွေကိုတန်ဖိုးထားတဲ့ သာမန်လူတစ်ယောက်ပါ ဒီလိုလူက ရေးတဲ့ အရေးအဖွဲ့ အသီအကုံးတွေမှာ အထစ်အငေါ့တွေရှိတာမဆန်းပါဘူး ဒီအထစ်အငေါ့တွေကဘဲ ကျွန်တော့ကဗျာတွေလှဖို့ အားပေးနေတာပါ
ကျွန်တော်ကဗျာလောကမှာ အသက်ဆက်နိုင်တာ ကဗျာညီအစ်ကိုမောင်နှမတွေရဲ့ အားပေးမှုကြောင့်ပါ ဒီအားဆေးတွေကို လုံးဝ လုံးဝ မေ့မှာမဟုတ်ဘူးဗျာ ။
With respect,
RAY
By: X - ray at Feb 6, 2012




Comment #1
ဘယ်တော့်မှ..အမှိုက်မဖြစ်ပါဘူးဗျာ…
ကျွန်တော် အားပေးလျှက်ပါ