Professional Authors

ပေးပါတော့…..

[Edit]

နှလုံးသားနဲ့ ကဗျာဖွဲ့
အပြုံးမပျက်ဘဲ တစ်ချက်မကြည့်တာ
ရင်နာလွန်းလို့ပါ………

ပေးဆပ်ခဲ့တာတွေလည်း များပြီ
ဘာမှဖြစ်မလာတော့ ခက်ပြီ…….
ပြသနာတော့လုပ်ပြီ
ရှင်းမရတော့ ဖြတ်ပြီ…………

အတွေးများကြောင့် ဒုက္ခ
ချစ်လွန်းလှတော့ ဖြတ်မရ…………
အိပ်မရတာ ခနခန…..

ရှိချင်နေတာ မင်းအနားမှာ
ရောက်နေတာက အဝေးဆုံးမှာ
ချစ်ရဖို့ရေး မျှော်တိုင်းဝေးဆိုတာမျိုးတော့
မကြုံပါရစေနဲ့ကွာ….

အချစ်ကြောင်းမလှတဲ့ ကျနော့်ဘဝ
အများပြောတဲ့ လူပျိုကြီးဘဝကိုတော့
မရောက်ပရစေနဲ့ သက်ထားရယ်…….

ပဲ့မရှိတဲ့လို ဘယ်ကမ်းရောက်ရောက်
စိတ်ဖြောင့်ဖြောင့်နဲ့ မနေလိုက်ပါနဲ့ကွာ
မင်းဘူတာကို ရောက်အောင် ဆိုက်ခွင့်ပေးပါ……..

မင်းအတွက်တော့
အဲဒီစကားဟာ ရယ်စရာဖြစ်နေပေမဲ့လည်း
ငါအတွက်တော့ လွမ်းစရာတွေပါပဲ….

ကုဆေးမရှိတဲ့ ဒုက္ခ
အချစ်မရှိတော့ ဟက်တက်
အလွမ်းတွေက ပွေ့ဖက်
ချစ်နေမိတော့ ငါရင်ထဲမှာအဆိပ်တက်……………

မိုးတွေရွာနေပေမဲ့လည်း
မင်းဆီက အချစ်မိုးဘယ်တော့ရွာပါမလဲ
မိုးလေးဝသကလည်း မကြေညာ
မြဝတီကလည်း မလာ
MRTV 4 ဆို ဝေးသေး
ကဲ………ဘာဆက်လုပ်ရမလဲ
ကန္တာရ သဲသောင်ပြင်မှာ 
ရေမပါဘဲ လမ်းလျောက်ရသလို
ငါ့ဘဝကြီးကလည်း အချစ်မပါဘဲ
ရှင်သန်နေရတာဟာ မိုက်မဲလွန်းတယ်……..

အချစ်ဆုံးရေ…….
တစ်ချက်မမုန်းဘဲ တစ်သက်လုံး
ဆက်ချစ်နေမယ်………….. 
                                           စိုး…………..

 

In: ကဗျာ Posted By: Date: Jan 18, 2012
Comment #1

inn,,,
toe tat lar p,,,
kyoe sar ,,mg lay yae,,,
fighting

commentinfo By: ei lay at Jan 18, 2012
Comment #2

..
ကဗျာလေးအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 18, 2012
Comment #3

So cute.
Really lovely

commentinfo By: ei lay at Oct 11, 2012
Comment #4

2o13 feeling is much more nice.

commentinfo By: ei lay at Feb 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment