Professional Authors

ရှုံးနိမ့်ခဲ့သူရဲ့အဆိပ်သင့်နှလုံးသား -(နေသာ)

ပြီးဆုံးသွားပြီ
ကြယ်စင်တစ်ခုကြွေကြခဲ့ပြီ
မသေချာမရေရာမှု့တွေရယ်
ပြင်ဆင်ချက်မရှိတဲ့အမှန်တရားတွေနဲ့
သူဖွဲ့ဆိုခဲ့ဘူးတဲ့သူ့ချစ်ချင်းအလင်္ကာစာမျက်နှာတွေ
သူကိုယ်တိုင်မီးရှို့ခဲ့ပြီ…
ရှုံးနိမ့်သူတစ်ယောက်ရဲ့ကျန်နေ့ရက်တွေမှာ
သတိရခြငးနဲ့တမ်းတခြင်းကို
ဆီးကြိုပွေ့ဖက်ထားတယ်…
ရင်နာစရာဆောင်းတစ်ည
အေးလှတဲ့ဒီတေးညမှာ
ကာရန်မညီတဲ့အဆုံးသတ်တစ်ချို့ရယ်
နားဝင်မချိုတဲ့စကားသံတစ်ချို့ရယ်နဲ့ 
ရှုံးနိမ့်သူတစ်ယောက်ရဲ့ချစ်ခြင်းရောင်စဉ်ကို
သူကိုယ်တိုင်အုတ်ဂူသွင်းခဲ့ပြီ….
လမ်းခွဲခဲ့သူရဲ့နောက်ဆက်တွဲစီမံကိန်းမှာ
အချစ်ဆန်ဆန်ပြုစားတတ်မှု့ရယ်
ဝတ္တရားဆန်ဆန်လှည်.စားခြင်းတွေနဲ့
အေးစက်စွာစီးကြိုနေတယ်……

                                                                                        နေသာ

In: ကဗျာ Posted By: Date: Jan 16, 2012
Comment #1

ကျွန်တော် စိတ်မကောင်းပါဘူးဗျာ…
အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Jan 16, 2012
Comment #2

နေသာရေ
မင်းရဲ့ကဗျာတွေက
အသက်ဝင်လာတာ ပြင်းထန်လာတယ်ဟေ့
လေးစားတယ်ကွာ ဒီကဗျာလေးကို အရမ်းကြိုကိတယ်
သူငယ်ချင်း

commentinfo By: ရွှေကြယ်မိုး at Jan 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment