Professional Authors
လူငယ်ရသစာပေနှင့် ပေါင်းကူးတံတား(မင်းလူန)
အနာဂါတ်ကိုလူငယ်ကသာဆောင်ကျဉ်းသည်။လူငယ်သည်ခေတ်ကိုထမ်းပိုးသည်။ခေတ်တစ်ခေတ်၏တိုးတက်ပြောင်းလဲသောဖြစ်စဉ်တွင်
လူငယ်သည်ပင်မအသက်သွေးကြောတစ်ခုဖြစ်သည်ဟုပြောရမလောက်ပင်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်လေသည်။လူငယ်တွေ  အ
ပေါ်သည်လိုမြင်တက်လာရာမှထိုကဲ့ သို့ အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိနေသောလူငယ်သည်စာပေဗဟုသုများစွာရှိရန်လိုအပ်ကြောင်း
အချိန်ယူလေ့ ကျင့် ယူမွေးမြူရသည့် အလုပ်တစ်ခုဖြစ်လေသည်။ထိုသို့ သောစိတ်ဓါတ်ကိုမွေးမြူရန်အျွှက်လည်းအခြေခံစာဖတ်အားမှသာ
လှင်စတင်ရပေလိမ့် မည်။စာပေအပေါ်တွင်စိတ်ဝင်စားမှု့ ရှိလာရန်အတွက်ခံစားမှု့ ရသကိုလှုံဆော်ပေးနိုင်သည့် စာပေမျိုးမှစတင်သင့် မှပင်
စာပေအတွေ့ အကြုံပေါ်တွင်လိုက်၇်ျဘ၀ရပ်တည်မှု့ ဆိုင်ရာ၊လုပ်ငန်းကျွမ်းကျင်မှု့ ဆိုင်ရာ၊စီမံခန့် ခွဲမှု့ ဆိုင်ရာလူမှု့ ဆက်ဆံရေးဆိုင်ရာ   –
မှသည်အစအဆုံးမရှိသောတွေးခေါ်မှု့ ဆိုင်ရာစာကောင်းပေမွန်များဖတ်ရှု့ လေ့ လာလိုစိတ်ရှိလာနိုင်မည်ဖြစ်လေသည်။
ထိုကဲ့ သို့ အကျိုးဖြစ်ထွန်းနိုင်သည့် စာပေများဖတ်ရှု့ လေ့ လာလိုစိတ်ဖြစ်ပေါ်ရာတွင်ရသစာပေသည်ရှေ့ ဆု့းမှဦးဆောင်လမ်းပြသော     –
စာပေဖြစ်လာလေသည်။
          စိတ်ကျေနပ်လောက်သည့် အထိခံစားမှု့ တစ်ခုခုကိုပေးနိုင်သောစာသားများဖြင့် ရေးစပ်သော၊ဖန်တီးသောကာတွန်း၊ကဗျာ၊၀တ္ထုတို
ဝတ္ထုရှည်များအပြင်ရသစာတမ်းများစာစီစာကုံးများအစရှိသောစာပေများသည်စာပေလေ့ လာလိုစိတ်ကိုတွန်းအားပေးသောစိတ်အဟာရကို
တဖြေးဖြေးနှင့် အလှမ်းဝေးလာသလောက်ဖြစ်နေပြီးဟုယူဆမိလေသည်။ထိုကဲ့ သို့ ဖြစ်လာရခြင်းမှာခေတ်၏ပြောင်းလဲတိုးတက်မှု့ ၏ရိုက်
ရိုက်ခတ်မှု့ ကြောင့် ဖြစ်သလိုရသစာပေ၏ထိုးဖောက်နိုင်မှု့ သည်လူငယ်နှင့် တိုက်ရိုက်ထိတွေ့ နိုင်သည့် အခွင့် အရေးနည်းပါးမှု့ ကြောင့် လဲ
ဖြစ်လာလေသည်။လူတစ်ယောက်၊လူမျိုးတစ်မျိုး၊တိုင်းပြည်တစ်ပြည်နှင့် ကမ္ဘာ၏ပြောင်းလဲတိုးတက်မှု့ ၊ကိုယ်ကျင့် တရားနှင့် စိတ်ဓါတ်ကြံ့ 
ခိုင်မှု့ အစရှိသောလူမှဖြာထွက်သည့် အကျိုးသက်ရောက်မှု့ အားလုံးတို့ သည်စာပေမှရရှိသောအတွေ့ အကြုံများကြောင့် ဟုပြောလို့ ရသ
လောက်အောင်ရာနှုန်းပြည့် မှန်ကန်ပါလိမ့် မည်။
          လူငယ်တိုင်းကိုမဆိုလိုသော်လည်းမိမိနှင့် နီးစပ်သောလူငယ်များကိုတစေ့ တစောင်လေ့ လာရာတွင်တစ်ချို့ သောလူငယ်များသည်
ကျူရှင်တက်၊သင်တန်းတက်၊ကျောင်းတက်ရောက်နေသောလူငယ်များရှိကြသည်ထိုလူငယ်များသည်မိမိသင်ကြားသောအတန်းစာ၊မိမိတက်
ရောက်နေသောသင်တန်းမှဘာသာရပ်များသင်ကြားတက်ရောက်ပြီးချိန်တွင်သင်ကြားမှု့ ပြီးဆုံးပြီးဟုယူဆကာလဘ္ဘက်ရည်ဆိုင်ထိုင်ခြင်း
ဂိမ်း(game)ဆိုင်ထိုင်၇်ျဂိမ်း(game)ကစားခြင်းသူငယ်ချင်းများနှင့် ဝိုင်ဖွဲ့ ကာ၈စ်တာတီးခြင်း၊မိန်းခလေးများဆိုလျှင်လဲအလှပြင်ဆိုင်သွားခြင်း
ဈေးဝယ်ထွက်ခြင်း၊ကိုရီးယားဇာတ်လမ်းတွဲများကြည့် ခြင်းဖြင့် စသည်ဖြင့် အမျိုးမျိုးစိတ်အပန်းဖြေကြလေသည်။စာပေလေ့ လာဖတိရှု့ နေ
သောလူငယ်ဟူ၇်ျမရှိသလောက်နည်းပါးနေတက်သည်။တစ်ချို့ သောလူငယ်များသည်စာပေကိုဆုံးခန်းတိုင်အောင်မသင်ခဲ့ ရပေ။ထိုသို့ သော
လူငယ်များသည်မိမိနှင့် ထိတွေ့ နေရသောပါတ်ဝန်းကျင်၏ရိုက်ခတ်မျု့ ကိုခံစားလာရတက်လေသည်။ထိုရိုက်ခတ်မှု့ များကိုတွန်းကန်ထားနိုင်
သည့် ခံနိုင်ရည်အင်အားလည်မရှိသဖြင့် မိမိပါတ်ဝန်းကျင်တွင်အချိန်ပြည့် ရှိနေသောသူများနှင့် ရောယှက်ကာအရောင်အဆင်းပြောင်းလဲလာ   
ကြလေသည်။သွန်သင်ဆုံးမပေးနိုင်သောလူကြီးမိဘများနှင့် ထိတွေ့ လူငယ်များအတွက်သိပ်ပြီးပြသနာဖြစ်မလာသော်လည်း၊မမှန်ကန်သော
အသိဥာဏ်ဖြင့် ဘ၀ရပ်တည်နေသောလူကြီးများဖြင့် ထိတွေ့ ရသောလူငယ်များအတွက်ကားအင်မတန်ကြီးမားသောဆုံးရှုံးမှု့ များဖြစ်လာနိုင်
လေသည်။ကိုယ်ကျင့် တရားများယိုယွင်းပျက်စီးလာကြလေသည်။တက်လူများ၏ဘ၀သည်အညွန့် တလူလူနှင့် သာရှိနေရမည်ဖြစ်သော်လည်း
ထိုကဲ့ သို့ တံငါနားနီးတံငါမုဆိုနားနီးမုဆိုးဖြစ်လာရခြင်းမှာအပေါင်းအသင်းမှား၊အယူအဆအမှား၊ခံယူချက်အမှားများကိုနှလုံးသွင်းတဆက်လာ
ရခြင်းမှာကိုယ်ပိုင်စဉ်းစားဥာဏ်ဖြင့် ရပ်တည်နိုင်မည့် ဆင်ခြင်ထုံတရားများပေးစွမ်းနိုင်သည့် စာပေအတွေ့ အကြုံများမရှိခြင်း၊အားနည်းခြင်း
ကြောင့် ဖြစ်လေသည်။ထို့ ကြောင့် အလွယ်တကူလျှောက်လွယ်သောလမ်းမှားများကိုသာရွေးချယ်ခဲ့ ကြခြင်းဖြစ်လေသည်။
          တစ်ချို့ သောလူငယ်များမှာမိသားစုစီးပွားရေးအခတ်အခဲကြောင့် အရွယ်မတ်ုင်မှိပင်လုပ်ငန်းခွင်ဝင်ခဲ့ ကြရသည်များရှိကြလေသည်။
နေ့ စဉ်နှင့် အမျှငွေရရန်သာာလု့းပန်းရှာဖွေလုပ်ကိုင်နေရလေသည်နေထွက်ချိန်မှစ၇်ျလုပ်ငန်းခွင်ထဲမှာပင်အချိန်ကိုဖြတ်သန်းကျော်လွန်လျှက်
တနေကုန်ပင်ပန်းကြီးစွာခွန်အားသုံးလုပ်ကိုင်ခဲ့ ရ၇်ျနုံချိစွာခံစားနေရသမျှသောစိတ်နှင့် ခန္ဒာကိုယ်ကိုသီချင်းနားထောင်ခြင်းဇာတ်လမ်းအခွေ
ကြည့် ခြင်းစသဖြင့် အပန်းဖြေအနားယူကြလေသည်။မည်သည့် စာပေနှင့် မျှထိတွေ့ ခွင့် မရခဲ့ ကြပေ။ထိုသို့ ထိတွေ့ ခွင့် မရသဖြင့် လည်း
စာပေဗဟုသုတနှင့် ပါတ်သက်သမျှသည်သူတို့ နှင့် ဘာမျှမဆိုင်သလိုခံစားကာစာပေဖတ်ရှု့ လေ့ လာလိုစိတ်များမရှိကြတော့ ပေ။ထိုကဲ့ သို့ လူငယ်နှင့် ရသစာပေအလှမ်းဝေးလာရခြင်းသည်လူငယ်တစ်ဦးချင်းစီအတွက်နစ်နာမှု့ များဖြစ်လာသလိုမိမိပါတ်ဝန်းကျင်၊ရပ်ကွက်၊မြို့ နယ်
တိုင်ပြည်အပြင်ကမ္ဘာ့ လူသားထုများအားလုံး၏ဆုတ်ယုတ်မှု့ များအဖြစ်ပြောင်းလဲရိုက်ခတ်လာသည်။ထိုမျှသောဆုံးရှုံးနစ်နာမှု့ များကိုတဖတ်
တစ်လမ်းမှကာကွယ်ထိန်းသိမ်းသွားရန်မှာစာပေဖတ်ရှု့ လေ့ လာလိုစိတ်များဖြစ်ထွန်းပေါ်ပေါက်စေရန်လိုအပ်လာလေသည်။
          သိင်္ဂါရ ရသ(ချစ်ခင်ခြင်း)၊ဟသ၁ရသ(ပြုံးရယ်ခြင်း၊ရုဒ္ဒရသ(ရုန့် ရင်းကြမ်းတမ်းခြင်း)၊ဂရုဏာရသ(သနားကြင်နာခြင်း)၀ီရရသ(ရဲရင့် ခြင်း)
ဝိဘစ္ဆရသ(ရွံရှာစက်ဆုပ်ခြင်း)၊ဘယာနကရသ(ကြောက်ရွံ့ ထိတ်လန့် ခြင်း)၊အဗ္ဘုတရရသ(အံ့ သြခြင်း)၊သန္တရသ(တည်ငြိမ်ရင့် ကျတ်ခြင်း)
စသည့် ရသတို့ နှင့် ဖွဲ့ စပ်သီကုံးသောစာပေများသည်လူတစ်ယောက်၏အတွင်းစိတ်ကိုအကြီးမားဆုံးပြောင်းလဲတိုးတက်မှု့ သို့ ရောက်အောင်
တွန်းပို့ ပေးနိုင်စွမ်းရှိကြလေသည်။ထိုကဲ့ သို့ ရသစာပေများနှင့် လူငယ်များတဖြေးဖြေးဝေးကွာလာရာမှလူငယ်များစာဖတ်အားနညိးလာရသည့် 
အကြောင်းပြချက်တစ်ခုဖြစ်လာရလေသည်။
          လူငယ်နှင့် ရသစာပေကိုအလွယ်တကူဆုံစည်းပေးနိုင်သောစာပေကွန်ယက်တွင်ဂျာနယ်များသည်အထိရောက်ဆုံးသောပေါင်းကူးတံတားတစ် 
တားတစ်ခုဖြစ်လေသည်။အချိန်တိုအတွင်းလူထုဆီလွယ်ကူစွာရောက်ရှိနိုင်သောဂျာနယ်များတွင်သာရသစာပေနေရာများများရခဲ့ ပါလျှင်လူငယ်နှင့် 
ရသစာပေသည်နီးစပ်မှု့ ရှိလာနိုင်သလိုလူငယ်များ၏စာပေဖတ်ရှု့ လေ့ လာလိုစိတ်ကိုလည်းအထောက်အကူကြီးမားစွာပေးနိုင်မည်ဟုခံစားမိပါသည်။
                                                                                                                                 မင်းလူန
In: ကဗျာ Posted By: Date: Oct 19, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment