တကယ်မသိတာလား ချစ်သူ
အမြဲတမ်းရယ်နေတာပဲလို့ နင်ပြောတယ်နော်
လူနွမ်းတာ ခံနိုင်တယ်
စိတ်နွမ်းတာ မခံနိုင်ဘူး ပြောနေကြ
နင့်စကားကြောင့်မှန်း လုံးဝမသိတာလား
အမြဲတမ်း တစ်ယောက်တည်း ဆုံးဖြတ်တယ်နော်လို့
နင်ပြောတိုင်း ငါ့စိတ်ထဲမှာတော့
တိုင်ပင်မယ်လုပ်တိုင်း ဖုန်းမကိုင်တာ
အဝေးရောက်နေတဲ့ နင့်ကို
မေးလ်ပို့တိုင်း အလုပ်ကြောင့်
မဖတ်တာတွေကြောင့်မှန်း နင်မေ့သွားပြီလား
အမြဲတမ်း တစ်ယောက်တည်း နေတယ်နော်တဲ့
ကွန်ပျူတာရှေ့မှာ အချိန်ကုန်ပြီး
နင့်ကိုပဲ ရှေ့တန်းတင်လို့
သူတို့နဲ့ ဝေးသွားတာကို
နင်နည်းနည်းလေးမှ မရိပ်မိတာလား
Comment #2
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျာ
ခံစားချက်လေးကို ပေါ်ပေါ်လွင်လွင်
ရေးနိုင်တာ အရမ်းကောင်းတယ်ဗျာ
By: ရွှေကြယ်မိုး at Jan 15, 2012
Comment #3
ကြိုက်တယ်ဗျ….
ခံစားချက်တွေကို…ရေးပြသွားတာ….
တစ်နေ့နေ့ ..သူ….သိလာပါစေ…ဗျာ
ခံစားအားပေးသွားပါတယ်။
By: poem.poem28 at Jan 15, 2012
Comment #4
hin,,,
ga u hma ma sike dar,,
tan phoe hma ma htar tar,,
ngar chit ta lo nin hma ma chit tar,,
By: ei lay at Jan 15, 2012
Comment #5
လင်းချစ်သူ က အရိပ်ပြလို့ အကောင်မြင် မယ့် ပုံ ရှိဘူးရယ်
By: NC at Jan 16, 2012
Comment #7
ei lay ka dot ma htin par,,
By: ei lay at Jan 18, 2012
Comment #8
1 ke pe ma ti tar lar?
ma ti chin yaung saung nay tar lar?
u pyit khar pyu htar tar lar?
shin shin lin lin ti chin de,
By: ei lay at May 28, 2012




Comment #1
အမြဲတမ်း တစ်ယောက်တည်း နေတယ်နော်တဲ့
ကွန်ပျူတာရှေ့မှာ အချိန်ကုန်ပြီး
နင့်ကိုပဲ ရှေ့တန်းတင်လို့
သူတို့နဲ့ ဝေးသွားတာကို
နင်နည်းနည်းလေးမှ မရိပ်မိတာလား….။
မိုက်တယ် ကဗျာက…။…။