Professional Authors

ကောင်းကင်

ကောင်းကင်.
မင်းအကြင်နာတစ်စွန်းတစ်စ
ထုတ်ဖော်ပြ၀ံ့ခဲ့တာ
အိပ်မက်ထဲမှာလား

မင်းရင့်ကျက်ခဲ့ပါတယ်
နဂိုဟန်ပန်ကိုပြောင်းလဲဖို့
ဘယ်သူမှ သိပ်အလိုမရှိသလိုပါပဲ

ငါဆိုတာက
မင်းကောင်းကင်ဆီမှာခိုလှုံ့ဖို့ကြိုးစားခဲ့သလို
မင်းဆီကထွက်ပြေးဖို့လည်း
အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်

ဒါပေမယ့်ကွယ်
ငါမင်းကိုဥပေက္ခာမပြုဝံ့ပါဘူး
အိပ်မက်ဆိုတာ ငါ့အသက်ဖြစ်နေသရွေ့
ငါမင်းကိုဦးတင်ပါရဲ့
ငါမင်းကိုမျှော်လင့်ပါရဲ့

ကောင်းကင်ရယ်
အဆုံးမှာ
ငါဝိဥာဏ်မင်းကိုခစားရစ်စေမယ်…

In: ကဗျာ Posted By: Date: Jan 12, 2012
Comment #1

ကောင်းလိုက်တဲ့…ခံစားချက်ဗျာ
ထပ်ထူခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 12, 2012
Comment #2

ကျေးဇူးတင်ပါတယ်ရှင်

commentinfo By: mya kyoe nwe at Jan 12, 2012
Comment #3

ငါဆိုတာက
မင်းကောင်းကင်ဆီမှာခိုလှုံ့ဖို့ကြိုးစားခဲ့သလို
မင်းဆီကထွက်ပြေးဖို့လည်း
အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်

ဒါပေမယ့်ကွယ်
ငါမင်းကိုဥပေက္ခာမပြုဝံ့ပါဘူး
အိပ်မက်ဆိုတာ ငါ့အသက်ဖြစ်နေသရွေ့
ငါမင်းကိုဦးတင်ပါရဲ့
ငါမင်းကိုမျှော်လင့်ပါရဲ့

commentinfo By: May Kha at Jan 12, 2012
Comment #4

hint,,hint,,
htwke pyay phoe ma kyoe sar par ne dot,,,,
aye aye say say lut lat swar twar par dot,,,,

commentinfo By: ei lay at Jan 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment