Professional Authors

ပြက်လုံး

ကျေးဇူးပြုပြီး မျက်လုံးစိမ်းစိမ်းတွေ ဒီရင်ကို လာမစိုက်ပါနဲ့လား။ ။

အလင်းပျောက်ကို ခြေရာကောက်ရသလို

အပယ်ခံ နံရံဆေးရေးပန်းချီကားတစ်ချပ်လို

အရိပ်ကလေးတောင် မထင်ရတော့ဘူးလား .. ။

သေတာတောင်အစွယ်မကျိုးချင်သေးတဲ့ မြွေဆိုးတစ်ကောင်ပါ

သေတာထက်တောင် ပိုပြီး မသာဆန်လွန်းလို့ဆိုလား .. ။

 

ကန်းချင်တိုင်း ကန်းလိုက်လို့ရတဲ့ ကမ္ဘာ

ပျော်စရာတော့ မကောင်းပါဘူး။ ။

နှလုံးသားကို တစ်နေရာမှာ ချိတ်ထားခဲ့မယ်   ထားခဲ့မယ်

ဆိုရင် .. ရတက်မအေးဘူး မိကေသွယ်

လှိုင်သာယာမှာ အရင်အတိုင်း/လို မျက်စောင်းဝင့်ဝင့်လေး

လင်းသေးလား .. ။ တစ်ချက်၊ နှစ်ချက်၊ သုံးလေးငါးချက် .. ။

မရဲတရဲ/ခြေချော်လက်ချော်/မတော်တဆ

ငြိခဲ့။ ဟားတိုက်ရယ်မောဦးမှာလား။ ရေမှာ ရေးတဲ့ အရုပ်ကလေးပဲ

ကြုံသလို၊ ကျပန်း လွမ်းကြတာပေါ့။ အသွေးနဲ့ အသားနဲ့ အသက်နဲ့

ရယ်စရာတော့ အကောင်းသား

\”ချစ်တယ်\” လို့ တစ်ခွန်း တစ်ပါဒမှ မပါအောင်

ဝါကျတွေ ချွတ်ချထားရတဲ့ ကဗျာ .. ။

                                                     မိုးခါး

In: ကဗျာ Posted By: Date: Jan 11, 2012
Comment #1

ဝါကျတွေတောင် ချွတ်ချထားရတယ်ဆိုဘဲ လက်ကတော့ တကယ်အပြန်စားဘဲ။

commentinfo By: X - ray at Jan 11, 2012
Comment #2

he,,he,,
par de lay,,,chit de

commentinfo By: ei lay at Jan 11, 2012
Comment #3

ရေမှာ ရေးတဲ့ အရုပ်ကလေးပဲ

ကြုံသလို၊ ကျပန်း လွမ်းကြတာပေါ့။ အသွေးနဲ့ အသားနဲ့ အသက်နဲ့

ရယ်စရာတော့ အကောင်းသား

\”ချစ်တယ်\” လို့ တစ်ခွန်း တစ်ပါဒမှ မပါအောင်

ဝါကျတွေ ချွတ်ချထားရတဲ့ ကဗျာ .. ။
…………
အရေးအသားတွေနှစ်သက်မိပါတယ်
နောက်..အမြဲအားပေးနေမှာပါ

commentinfo By: အသဲကွဲမိုး at Jan 12, 2012
Comment #4

ဟုတ်ပါတယ် အရေးအသား အဖွဲအနွဲ့ တွေ ကောင်းပါတယ်
ခံစားချက် တစုံတရာတိုက်ဆိုင်နေတယ်လို့ ထင်ပါတယ် . . .

commentinfo By: Mickey at Mar 2, 2012
Comment #5

ဒီတပုဒ် အကြိုက်ဆုံးပဲ

commentinfo By: Mickey at Mar 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment