Professional Authors

နင့်ကိုသိပ်ချစ်လို့ပါ

 

နင့်ဘက်က မေ့လွယ်ပေမယ့်

ငါတို့တို့ရဲ့ ချစ်ခြင်းတွေအတွက်

ကဗျာတွေစပ် အမှတ်တရတွေ ပေးခဲ့တာ

နင့်ကို သိပ်ချစ်လို့ပါ….။

ငါမရှိလည်း နင်ပျော်နိုင်ပေမယ့်

ငါ့ပျော်ရွှင်မှုတွေအတွက် နင့်ကို လိုအပ်နေတာ

နင့်ကို သိပ်ချစ်လို့ပါ………။

အတူတူဆုံနိုင်ဖို့ နင်မကြိုးစားပေမယ့်

အချိန်တွေရှိတိုင်း နင့်အနားကို အရောက်လာချင်ခဲ့တာ

နင့်ကို သိပ်ချစ်လို့ပါ……။

နင့်ရဲ့အချစ်တွေအားလုံး ငါ့ကိုမပေးချင်ပေမယ့်

ရသလောက်နဲ့ရောင့်ရဲ အတူရှိခွင့်ခဏတွေနဲ့

ကျေနပ်နေပေးခဲ့တာ

နင့်ကို သိပ်ချစ်လို့ပါ……။

နင့်အတွက်ချစ်သူတွေမရှားပေမယ့်

နင်က ငါ့ရဲ့ချစ်သူပါလို့

ရဲရဲဝင့်ဝင့် လက်တွဲရဲခဲ့တာ

နင့်ကို သိပ်ချစ်လို့ပါ……။

နင်ဘယ်သူတွေနဲ့ဘယ်လိုတွဲတွဲ

ဟန်ဆောင်ပြုံးရင်း……စိတ်မနာရက်ခဲ့တာ

နင့်ကို သိပ်ချစ်လို့ပါ….။

နောက်ဆုံး……..

အချစ်ဆိုတာ နင်သိတက်ခဲ့လို့

တစ်ယောက်ယောက်ကို ရည်ရွယ်သွားတဲ့အခါ

နင့်စိတ်ချမ်းသာမှုအတွက်

တိတ်တဆိတ် ရပ်ကျန်နေရစ်ခဲ့တာ

နင့်ကို သိပ်ချစ်လို့ပါ……။

In: ကဗျာ Posted By: Date: Sep 27, 2010
Comment #1

အဲလောက်တောင်ချစ်တာလား ကေသရီရယ်..

commentinfo By: kyi kyi at Sep 29, 2010
Comment #2

ကဗျာလေးကအရမ်းကောင်းပါတယ်………..

commentinfo By: shwemoenyo at Oct 2, 2010
Comment #3

excellent,

yat kyan ma nay ke par ne,
shae ka nay p u saung pay par,
nin lout nar le p tan phoe htar tat thu ne way ya yin tay hmar pe.
nin sate cha lat cha pay like dot hmar lar.
nin tate chit par de so de thu ko sate ma sin ye say chin yin loak pop.
hint,,,

commentinfo By: ei lay at Aug 30, 2011
Comment #4

nin ko tate chit loh par…….

commentinfo By: ei lay at Nov 14, 2011
Comment #5

#__#
#__#
#__#
Kwat ti be
Thz so so much

commentinfo By: ei lay at Oct 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment