Professional Authors

ပျော်ရွှင်ဖွယ်လူသတ်ကား

လူသတ်ကား
ငါ့ရင်နုပညာ
အချိုးများအား
ကာရန်တွေသတ်နေကျတယ်.

ငါ့စိတ်ကူး ပုံရိပ်
ငါ့အတိတ်ကို စိမ်းပစ်တဲ့ 
ငါ့မှတ်ဥာဏ်တွေ သတ်နေကျလေရဲ့ …

ပြောလို့ မရအောင်ကို
စိုးရွားနေတဲ့ 
ကဗျာကင်ဆာ ဘယ်နားမှာ
သွားကုကုနောက်ဆုံးရောက်တာ
ဒီစိတ်ကူးတွေထဲပဲ…..

ပျင်းနှစ်တဲ့ 
အရာတွေအားလုံးတောင်မှာ
အရွေ့ ရှိတဲ့ Displacement unit
တစ်ခုသွားရင်
ငါ့အရှက်တွေလဲ
ဈေးကောင်းရရဲ့ ထင်ပ…..

ဘယ်သူ့ ကိုမှပြုံးမပြတတ်တာ
မဟုတ်
ဘယ်သူကမှာအပြုံးမလှခဲ့တာကိုလေ
ငါမမြင်ခဲ့တော့ခု

ငါ့ကိုသတ်သွားကျလေ…..

ရယ်ဖို့ တော့ကောင်းတယ်

ဒါပေမယ့် 

လူသတ်ကား …….

သံယောဇဉ်မင်း
သံယောဇဉ်နန်းတော်

In: ကဗျာ Posted By: Date: May 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment