လွမ်းနေပါသည် နတ်ပန်းချီဆီ(genius)
ကြမ္မာအလှည့်
ဖန်ရာအကြောင်း
ကံပါလာတော့
ခုကမ္ဘာမှာ
သူနဲ့ကျွန်တော်
ချစ်ခဲ့ရတယ်။
အကြောင်းမသိ
အဝေးထွက်ခွာ
နေ့သစ်တိုင်းမှာ
သူဘေးမရှိ
ကျွန်တော့်ချစ်ခြင်း
မပြောင်းလဲဘဲ
ရှေ့ဆက်ခဲ့တယ်။
အဆိုးတွေကြုံ
အပြုံးပျက်တောင်
သူပေးဖူးတဲ့
အချစ်ခါးနဲ့
ချိုမြန်သွားအောင်
ဖန်တီးခဲ့တယ်။
ကျွန်တော့်အတွက်
ဘာမှမလို
ဘယ်သူကမှ
“သူ” မဟုတ်လို့
ချစ်ကြင်စိတ်လည်း
မဖြစ်ပေါ်ကာ
သူလာရာလမ်း
စောင့်မျှော်ရင်းနဲ့
တိတ်တိတ်လေးပဲ
လွမ်းနေပါသည်…။
Comment #3
wow,,,
yin taung khone twar de,,,
he,,he,,a hote,
among today poems,,ur lovely poem is the best of all.
cos all are broken,,suffer,,nervous,,pain,unhappy-ending that i dislike most.
By: ei lay at Jan 7, 2012
Comment #4
အ၇မ်းကောင်းတယ် ဗျာ……………
By: kaungzaw at Jan 7, 2012
Comment #6
အားလုံးအားပေးနေမှတော့ မေခ လဲလှိုက်လှဲစွာအားပေးသွားပါတယ်..
(သူလာရာလမ်း
စောင့်မျှော်ရင်းနဲ့
တိတ်တိတ်လေးပဲ
လွမ်းနေပါသည်…။)
By: May Kha at Jan 8, 2012
Comment #7
ကျွန်တော့်အတွက်
ဘာမှမလို
ဘယ်သူကမှ
“သူ” မဟုတ်လို့
ချစ်ကြင်စိတ်လည်း
မဖြစ်ပေါ်ကာ
သူလာရာလမ်း
စောင့်မျှော်ရင်းနဲ့
တိတ်တိတ်လေးပဲ
လွမ်းနေပါသည်…။
………….
တထပ်တည်းပါပဲဗျာ…..
By: အသဲကွဲမိုး at Jan 9, 2012
Comment #8
အားပေးတဲ့ညီအစ်ကိုမောင်နှမများအားလုံးကျေးဇူးတင်ပါတယ်။
By: poem.poem28 at Jan 10, 2012




Comment #1
ဟားးးးးးးးးးးးးး
ညီရေ….ရေရေလည်လည်လန်းတယ်
တော်တော့်ကိုကောင်းတဲ့ကဗျာလေးပါပဲ
အကိုအားပေးသွားပါတယ်
(ရွှေကြယ်မိုး)