Professional Authors

ငါနဲ့မင်း….ဖွင့်ဆိုချက်(genius)

အချစ်တွေကို
စောင့်ရှောက်နေပါမယ့်ပြောတော့
ဟာသတစ်ပုဒ်ဆိုပြီး
ရယ်မောသွားသေးတယ်။

မင်းရင်ထဲမှာရှိသလို
လွမ်းနေပါတယ်ပြောတော့
မရူးစမ်းပါနဲ့ဆိုပြီး
ပြောသွားသေးတယ်။

နေကြာစေ့ကို(အပျင်းပြေ)
အသင့်စားလို့ရအောင်ခွာပေးပါတယ်ဆိုမှ
ဒီအတိုင်းစားတော့
ပျင်းဖို့ကောင်းတာပေါ့လို့
ပြောရက်လိုက်သေးတယ်။

ဒီဘက်ကကောင်က
အချစ်ကို
တစ်ခမ်းတစ်နားဖွင့်ဆိုတယ်။

ဟိုဘက်က “သူမ” က
အချစ်ကို
တစ်ချိန်….
 ရယ်(ရီ)စရာတစ်ခုလို့ဖွင့်ဆိုတယ်။

ဘာဖြစ်ဖြစ်လေ……
ကျွန်တော်ကလည်း….
သူပြောတဲ့ ယုံတမ်းပုံပြင်တွေကို
နှစ်သက်နေတုန်းပါပဲ…။

In: ကဗျာ Posted By: Date: Jun 13, 2011
Comment #1

ဘာဖြစ်ဖြစ်လေ……
ကျွန်တော်ကလည်း….
သူပြောတဲ့ ယုံတမ်းပုံပြင်တွေကို
နှစ်သက်နေတုန်းပါပဲ…။…..
နှစ်သက်နေမိတော့လည်း ဆက်ခံစားရဦးမှာပေါ့ မောင်လေးရယ်
အဆိုးထဲက အကောင်း
ကဗျာမိုက်မိုက်လေးတွေ ကျန်ခဲ့တာပေါ့နော်….။ ။

commentinfo By: ကေသရီ at Jun 13, 2011
Comment #2

ဘာဖြစ်ဖြစ်လေ……
ကျွန်တော်ကလည်း….
သူပြောတဲ့ ယုံတမ်းပုံပြင်တွေကို
နှစ်သက်နေတုန်းပါပဲ…။

Comment #3

နေကြာစေ့ကို(အပျင်းပြေ)
အသင့်စားလို့ရအောင်ခွာပေးပါတယ်ဆိုမှ
ဒီအတိုင်းစားတော့
ပျင်းဖို့ကောင်းတာပေါ့လို့
ပြောရက်လိုက်သေးတယ်။
ဒီအပိုဒ် အကြိုက်ဆုံးပဲ..ဗျာ…။ ကောင်းပါတယ်…။

commentinfo By: Htoo at Jun 16, 2011
Comment #4

ကျေးဇူးတင်ပါတယ်…
အားပေးတဲ့ကဗျာချစ်မောင်နှမများအားလုံး…

commentinfo By: poem.poem28 at Jun 16, 2011
Comment #5

အဲ့ဒီ မိန်းမက မင်းရဲ့ အချစ်နဲ့ မထိုက်တန်ဘူးလေ…..သူလမ်းသူရွေးတာလေ…
ဝမ်းမနဲ့ လေ။အားပေးသွာတယ်နော်….။

commentinfo By: ချမ်းငြိမ်းအောင် at Jun 21, 2011
Comment #6

အဲ့ဒီ မိန်းမက မင်းရဲ့ အချစ်နဲ့ မထိုက်တန်ဘူးလေ…..သူလမ်းသူရွေးတာလေ…
ဝမ်းမနဲ့ လေနဲ့ ။အားပေးသွာတယ်နော်….။

commentinfo By: ချမ်းငြိမ်းအောင် at Jun 21, 2011
Comment #7

ဟုတ်တယ်ဗျို့ ……
မိန်းမတွေက အရမ်းချစ်ပြရင် မကောင်းဘူး….
ကဗျာက ကောင်းပါတယ်….
အားပေးပါတယ်

commentinfo By: minratha at Jun 24, 2011
Comment #8

အပိုတွေ လျှောက်မပြောပါနဲ့ မောင်ရယ်။
မောင် လား မကို တကယ်ချစ်ခဲ့တာ။

commentinfo By: mamg at Jul 1, 2011
Comment #9

ko minratha ka le.
hote par bu naw.

commentinfo By: eilay at Jul 25, 2011
Comment #10

😛

commentinfo By: ei lay at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment