Professional Authors

အားနာကာ မျက်နှာလွှဲနေဆဲ

janauary 4 ရက်
ငါတို့ရဲ့နှလုံးသားက သိမှတ်သေးရဲ့လား
ဒီလိုနေ့လေးတစ်ရက်အတွက်
နှောင်းလူတွေရဲ့ချွေးတွေ၊ သွေးတွေ
မာန်တွေနဲ့ ရယူခဲ့ကြတာ။
မစားဘဲ စွန့်ခဲ့သူများ နဲ့ မစွန့်ဘဲစားသူများ
ငါ့နားထဲ ကြားနေဆဲ။
ဘောလုံးလေးကန်၊ ချောတိုင်လေးတက်ပြီး
ဒါက လွတ်လပ်ရေးလို့ ငါတို့နှုတ်ကဆိုရဲရဲ့လား။
ငါတို့ရဲ့ နှလုံးသားမှာ
သပြေညိုကိုကော မှတ်မိသေးရဲ့လား၊
သူ့မှတ်တမ်းကိုကော စွဲနေသေးရဲ့လား၊
မတ်လတော်လှန်ရေးကိုရော အမှတ်ရသေးရဲ့လား၊
အားနာကာ မျက်နှာလွှဲနေဆဲပါ janauary 4 ရယ်။
ရှက်ကာ ခေါင်းကိုငုံနေဆဲ။

In: ကဗျာ Posted By: Date: Jan 3, 2012
Comment #1

ဘောလုံးလေးကန်၊ ချောတိုင်လေးတက်ပြီး
ဒါက လွတ်လပ်ရေးလို့ ငါတို့နှုတ်ကဆိုရဲရဲ့လား။
ငါတို့ရဲ့ နှလုံးသားမှာ
သပြေညိုကိုကော မှတ်မိသေးရဲ့လား၊
သူ့မှတ်တမ်းကိုကော စွဲနေသေးရဲ့လား၊
မတ်လတော်လှန်ရေးကိုရော အမှတ်ရသေးရဲ့လား၊

commentinfo By: ကြယ်စစ်သည် at Jan 3, 2012
Comment #2

ဆိုလိုရင်းကို သဘောပေါက်ပါတယ်ဗျာ…
အရမ်းကောင်းပါတယ်…

Comment #3

ိသိပ်ကောင်းတယ်ဗျာ။အားပေးသွားပါတယ်။

commentinfo By: yelaylover2010 at Jan 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment