Professional Authors

နိဗ္ဗိန္ဒ

ကိလေသာ အညစ်ဓါတ်မှာလ
ရှစ်စပ်ကဂျင်ခြေလည်
ရစ်ပတ်သမျှ အမျှင်တွေတွယ်သည်
အန်ချင်ဖွယ်အတိ။

အချစ်ဇာတ်လို့ ထင်မြင်ပြန်
ဆင်ခြင်ဥာဏ်မရှိ။

သတိတွေကင်းလွတ်လျှက်
သွက်သွက်ခါရူးသွပ်နေလေ၏။

အပုပ်ရေ အမြှုပ်တွေအပြည့်
ပြုတ်ကြွေမည့်ခန္ဓာ။

ရှုပ်ပွေသည့်မာယာဟာ
ရူပါရုံအရေခွံဆောင်းပါလို့
ကောင်းကောင်းကြီးဖျားယောင်းနေတော့သည်သာ။

ကာမနွံ ညွံအိုင်တရိုးမှာလ
ရာဂ မွန်ဒိုင်ဗင်ထိုးရှာကြ
ကိုယ့်ကြိုးကိုကိုယ်ပြန်ထိုး
ကိုယ့်ဂိုးကို ကိုယ်ပြန်သွင်း
ကိုယ့်မိုင်းကို ကိုယ်ပြန်းနင်းပါလို့်
မင်းတို့ကို အပြစ်မတင်
ကိုယ့်ကိုယ်ကိုယ် ရွံမုန်းမိပါရဲ့ လေး။ ။

ဝင်းမင်းထွေး
ရုပ်ရှင်အောင်လံ

In: ကဗျာ Posted By: Date: Jan 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment