အသစ်ပြောင်း အဟောင်းသံသရာ
ကြွေကျပျက်စီးလို့ အမှိုက်တွေလို
လေလွင့်ခဲ့တဲ့ သက်တန့်တခု
ကောင်းကင်မှာလည်း အရောင်တွေလွင့်လို့
မိုးတိမ်တွေကြား ပျောက်ကွယ်သွားသည့်အလား။
ခုတ်မောင်းနေဆဲ ဘဝရထားတစ်စီး
မှတ်တိုင်ရောက်တဲ့ ကားတစ်စီးလို
ကျော်ဖြတ်သက်တမ်းတခု တိုးဝှေးလို့
အိုမင်းခြင်းရဲ့ ပြက္ခဒိန်သစ်တခုဆီ
မမျှော်လင့်ပဲ ရောက်ရှိလာခဲ့ပေါ့…။
အချိုအခါး မညီမျှတဲ့ ရာသီမှာ
မိုးခါးရေကို သောက်နေရတဲ့
သဘာဝတရားတွေက ဖောက်ပြန်ပျက်စီးလို့
နေဝင်မိုးချုပ် အာရုဏ်အလုပ်နဲ့
တစ်ရက်ပြီးတစ်ရက် မိုးချုပ်ခဲ့ပြန်ပြီပေါ့…။
ကံတရားက မောင်းချလိုက်လို့
ပြေးချင်ရာကို ပြေးနေရတဲ့
တေလေ ငှက်တကောင်ရဲ့
ဘဝဇာတ်လမ်းက မနက်ဖြန်အတွက်
အခန်းသစ် အတွဲအသစ်ဖြစ်ပြန်ပြီပေါ့..။
လွမ်းတာလည်း နာလှပြီ
ချစ်တာလည်း ကြာလှပြီ
မနစ်နာစေချင်တဲ့ သဘာဝတရားက
အသစ်တွေတာ သတ်မှတ်ပေးခဲ့ပါရဲ့
မနှစ်ရက်တွေတာ ကုန်ဆုံးလို့
ဝတ္ထားတဲ့ အက်ႌေတြသာ
အသစ်တစ်ထည် ပြောင်းခဲ့ပြန်ပြီ…။
ဇရာအို အရွယ်ဟောင်းလို့
နှစ်လတွေလည်း ပြောင်းလာခဲ့ပြီ
အတိတ်အကြောင်းတွေက ပြုံးလွယ်မုန်းလွယ်
စနစ်လွယ်လွန်းလို့ ဇာတ်ကားတွေတာပြောင်းပေမဲ့
အသစ်စက်စက် ဇာတ်ကားထွက်တိုင်း
ကျုပ်က မင်းသား သူက မင်းသ္မီး
သူ့မိဘ ကျုပ်မိဘ
သူ့ အသိုင်းဝိုင်း ကျူပ်အသိုင်းဝိုင်း
သူ့ လူကြမ်း ကျုပ်လူကြမ်းတွေပဲလေ…။
တက္ကသိုလ်မြတ်မင်း
Comment #2
he,,he,,
mike de kwar.

Comment #1
လွမ်းတာလည်း နာလှပြီ
ချစ်တာလည်း ကြာလှပြီ
မနစ်နာစေချင်တဲ့ သဘာဝတရားက
အသစ်တွေတာ သတ်မှတ်ပေးခဲ့ပါရဲ့
မနှစ်ရက်တွေတာ ကုန်ဆုံးလို့
ဝတ္ထားတဲ့ အက်ႌေတြသာ
အသစ်တစ်ထည် ပြောင်းခဲ့ပြန်ပြီ…။
ညီလေးရွှေကြယ်မိုးပါ…အားပေးသွားပါတယ် အကိုရေ
အကိုရေးအားတွေအရမ်းကောင်းလာတယ်နော်
ခိုင်မာတယ် ကဗျာဆရာဖြစ်ဖို့ဆုတောင်းပေးပါတယ် အကို
နောက်လဲအားပေးနေမယ်ဗျာ