Professional Authors

အကောင်းဆုံးအိမ္မက်

ကိုယ်သင်းရနံ့များ
ကဖေးဆိုင်မှ အငွေ့အသက်များ
တနေ့တခြား မွန်းကြပ်လာတဲ့ ရင်ခုန်သံများ။
တသက်နဲ့တကိုယ် မကြုံစဖူးပျော်ရွင်ကြည်နှုးသမျှတွေ
တသက်နဲ့တကိုယ် မကြူံစဖူးဝမ်းနည်းကြေကွဲသမျှတွေ
ကံကြမ္မာရဲ့ ပြုစားမှုဟာ
သောက်နေကြအရက်တွေထက် ကမ္ဘာကြီးတခုလုံး
သွက်သွက်ခါအောင်မှုးလို့။
ရယ်စရာမကောင်းဘဲ ရယ်ခဲ့ရတဲ့အဖြစ်မျိုး
ငိုစရာမကောင်းဘဲ ငိုခဲ့ရတဲ့အဖြစ်မျိုး
အိမ္မက်ဆန်တယ်
ကဗျာမဆန်ဘူး
လူမဆန်ဘူး။
အလှပဆုံးသောအရာတွေဟာ
အသုံးမ၀င်ဆုံးသောအရာများသာ
ဥပမာ ။ ။ ဒေါင်းနှင့်ကြာပန်းများ
အသာယာဆုံးသော သီချင်းတွေဟာ
ကြေကွဲဖွယ်အကောင်းဆုံး အတွေးများသာ
ဥပမာ ။ ။ ဂန္ဒ၀င်သီချင်းများ
အကောင်းဆုံးကတော့
ဘာမှမသိတာဘဲကောင်းတယ်
အကောင်းဆုံးကတော့
ဘာမှမခံစားတတ်တာပိုလို့ကောင်းတယ်။   ။

In: ကဗျာ Posted By: Date: Dec 28, 2011
Comment #1

အကောင်းဆုံးကတော့
ဘာမှမသိတာဘဲကောင်းတယ်
အကောင်းဆုံးကတော့
ဘာမှမခံစားတတ်တာပိုလို့ကောင်းတယ်။ ။ (အပြည့်အ၀ထောက်ခံပါတယ်)

commentinfo By: May Kha at Dec 28, 2011
Comment #2

အကောင်းဆုံးကတော့ ဘာမှ မသိတာဘဲကောင်းတယ်။

commentinfo By: သက်ထားငြိမ် at Dec 28, 2011
Comment #3

ဟုတ်တယ်ဗျာ့
အကောင်းဆုံးအိမ်မက်ဆိုတာအဲဒါဘဲလေ….

Comment #4

hote de naw…
a yan chit dot a yan sate nyit ya de,
bar hma ma ti yin kaung me

commentinfo By: ei lay at Dec 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment