Professional Authors

“ သက်ရောက်မိုး ”

ကဝေပျိုက စုန်းအိုကိုအငြိုးတကြီး
ရိုက်နှက်သလိုမျိုး
အဲဒီ့ မိုးကလည်း
သဲသဲမဲမဲ …

တို့နှစ်ယောက် တဲကလည်း
တာဝန်ကင်းရုံပဲ တတ်နိုင်တော့
နင့်တစ်ယောက် အသဲ
ဘယ်လိုမှမရဲနိုင်တာ သဘာဝကျပါတယ် … ။

ကောင်းကင်ကလည်း ဒီသီချင်း
လေညင်းကလည်း စပ်ဖျဉ်းဖျဉ်းနဲ့
တို့နှစ်ယောက်ကိုမှ ရွဲ့ နေသလား
ချစ်သူမှာ မေးဖျားတွေတောင်တုန်နေပြီလေ … ။

ကျေးဇူးပြုပြီးမိုးရယ် …
ကျွန်တော့်တစ်ယောက်စာမှာသာ
ခပ်မာမာ ရွာပါတော့လားဗျာ ….. ။

In: ကဗျာ Posted By: Date: Oct 22, 2011
Comment #1

ကျေးဇူးပြုပြီးမိုးရယ် …
ကျွန်တော့်တစ်ယောက်စာမှာသာ
ခပ်မာမာ ရွာပါတော့လားဗျာ ….. ။…။

commentinfo By: SoFarAwayFromU at Oct 22, 2011
Comment #2

ကဗျာနောက်ဆုံးပိုဒ်လေး မိုက်တယ်ဗျ
အားပေးတယ် ကြိုးစားထား ။

commentinfo By: X - ray at Oct 22, 2011
Comment #3

ဟုတ်ကျေးဇူးပါဗျာ … ကြိုးစားပါမယ်

commentinfo By: ကြယ်စစ်သည် at Oct 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment