Professional Authors

တယုတယ ရင်ဖွင့်ဖော်

 

ဟိုး….မှာ

အဖြူရောင်ကောင်မလေးတစ်ယောက်
နှလုံးသားအတိုင်း
လမ်းလျှောက်လာနေတယ်…
ကဲ…
ဖြည်းဖြည်းနင်းပါကွယ်
နင်လှမ်းလိုက်တိုင်း နှလုံးသားက
ကမ္ဘာတုန်သလိုမြည်ဟီးလွန်းလို့…

အပြစ်ကြီးကြီး မဟုတ်ရပါဘူးကွယ်
မျက်ဝန်းထဲမှာပဲ
ငါ့ရဲအရာရာအံချော်ဖြစ်ခဲ့တာပါ
အကြည့်နဲ့ဆုံလဲရင်ခုန်တယ်
အပြုံးနဲ့ဆုံလဲရင်ခုန်တယ်
အချစ်သာအပြစ်တစ်ခုဆိုရင်
ငါဆိုတဲ့ကောင်ကိုမင်းနဲ့တွေ့ထဲက
ကြိုးပေးသင့်နေတာ…

ငါ့ရဲ. မိုးတိမ်မလေးရေ
ငါရဲ.ပြောင်းလဲခြင်းတွေကို
အနီးဆုံးမို့လို့မသိလိုက်တာလား
အဝေးဆုံးမို့လို့မမြင်မိလိုက်တာလား
ဖြေပါကွယ်..
တခုတ်တရအိမ်မက်တွေမို့
လူမသိသူမသိ
သိမ်းဆည်းခွင့်မရှိလို့ပါ..

ငါက ကြယ်တစ်ပွင့့််ဆိုရင်တောင်
ချိတ်ဆွဲဖို့အတွက်မဟုတ်ရပါဘူး
နင်ဆုတွေတောင်းနိုင်ဖို့
ကြွေပြယုံသက်သက်သာဖြစ်ချင်တာ…

 

မှီပါကွယ်

ငိုနေရင်ဖြစ်ဖြစ်ပေါ့

ဒီပခုံးတစ်စုံ ငါ့စိတ်နဲ့ငါ့ကိုယ်ထိုးကျွေးတယ်

ဘာပဲဖြစ်ဖြစ် ရင်ဖွင့်ရာအဖြစ်သတ်မှတ်ရင်ပေါ့

ကြွေပြပါကွယ်

ငိုနေတာလဲလှလွန်းလို့

ရင်ဘတ်တစ်စုံနဲ့သာ လမ်းဖောက်ဖြစ်ရင်

အရင်နင်းမဲ့သူက နင်ဖြစ်စေချင်တာ…။

 

ကောင်မလေးရယ်

ဒီအတိုင်းလေးပါပဲ

ဘာထုံးဖွဲ့မှူမှမပါဘူး

လှည့်ထွက်သလို ခဏလေးပဲ

ရိုရိုကျိုးကျိုးမြတ်နိုးမိခဲ့တာ

ဖြစ်နိုင်မယ်ဆိုရင်လေ

နင့်ချစ်ခြင်းတွေ မတောင်းဆိုပါဘူး

ငါ့ကို ထာဝရ ရင်ဖွင့်ဖော်အဖြစ်သာထားပေးပါကွယ်…။     

                                                                 နေညို

 

(အဟောင်းတော့အဟောင်းလေးပါ…။ အသစ်လဲမရေးဖြစ်သေးလို့ အဟောင်းတွေပဲ တင်ရတော့မယ် 🙂 ) 

 

In: ကဗျာ Posted By: Date: Aug 31, 2010
Comment #1

ဟောင်းလေ..ကောင်းလေပဲ…ဘာမှစိတ်ဓါတ်မတက်နဲ့..

ရင်ဘတ်တစ်စုံနဲ့သာ လမ်းဖောက်ဖြစ်ရင်

အရင်နင်းမဲ့သူက နင်ဖြစ်စေချင်တာ…။

အဲဒါလေးကြိုက်လို့…း)

commentinfo By: အမရာ at Aug 31, 2010
Comment #2

ကောင်းတယ်ဆိုတာထက် …. ရင်နဲ့ရင်းပြီးရေးစပ်ထားတာကို … အတိုင်းသားမြင်နေရတယ်..နုတယ်ဆိုပေမယ့် ..လန်းလန်းလေးနဲ့နုတာပါ…ကြိုက်တယ်..

commentinfo By: zin thault at Aug 31, 2010
Comment #3

ငါက ကြယ်တစ်ပွင့့််ဆိုရင်တောင်
ချိတ်ဆွဲဖို့အတွက်မဟုတ်ရပါဘူး
နင်ဆုတွေတောင်းနိုင်ဖို့
ကြွေပြယုံသက်သက်သာဖြစ်ချင်တာ…

သိပ်ကြိုက်တယ်ဗျာ..
ချစ်တဲ့သူဆုတောင်းပြည့်ဖို့ ကြွေပြခဲ့တဲ့ကြယ်လေးမို့ပါ

commentinfo By: Nainggye at Oct 18, 2010
Comment #4

ဟိုး….မှာ

အဖြူရောင်ကောင်မလေးတစ်ယောက်
နှလုံးသားအတိုင်း
လမ်းလျှောက်လာနေတယ်…
ကဲ…
ဖြည်းဖြည်းနင်းပါကွယ်
နင်လှမ်းလိုက်တိုင်း နှလုံးသားက
ကမ္ဘာတုန်သလိုမြည်ဟီးလွန်းလို့…

အပြစ်ကြီးကြီး မဟုတ်ရပါဘူးကွယ်
မျက်ဝန်းထဲမှာပဲ
ငါ့ရဲအရာရာအံချော်ဖြစ်ခဲ့တာပါ
အကြည့်နဲ့ဆုံလဲရင်ခုန်တယ်
အပြုံးနဲ့ဆုံလဲရင်ခုန်တယ်
အချစ်သာအပြစ်တစ်ခုဆိုရင်
ငါဆိုတဲ့ကောင်ကိုမင်းနဲ့တွေ့ထဲက
ကြိုးပေးသင့်နေတာ…။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 13, 2011
Comment #5

ငါက ကြယ်တစ်ပွင့့််ဆိုရင်တောင်
ချိတ်ဆွဲဖို့အတွက်မဟုတ်ရပါဘူး
နင်ဆုတွေတောင်းနိုင်ဖို့
ကြွေပြယုံသက်သက်သာဖြစ်ချင်တာ…

commentinfo By: poohmay at Mar 19, 2012
Comment #6

really really excellent,

commentinfo By: ei lay at Mar 19, 2012
Comment #7

ယုယုယယတောင်းဆိုနေတဲ့ ရင်ဖွင့်ဖော်ပဲ . . 🙂
မိုက်ပါ့ . . 😀

commentinfo By: နတ်သမီး at Jul 9, 2012
Comment #8

တခုတ်တရအိမ်မက်တွေမို့

commentinfo By: sharon myorr myor at Dec 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment